" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, February 15, 2023

ကန်နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ Derek Chollet ဘင်္ဂလားဒေ့ရှ်သွားမည်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၄ ဖေဖော်ဝါရီ၊ ၂၀၂၃
နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet (ယခင်မှတ်တမ်းရုပ်ပုံ)


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဟာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦး ဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်နိုင်ငံတွေကို ဖေဖော်ဝါရီလ ၁၄ နဲ့ ၁၈ အကြား သွားရောက်မှာ ဖြစ်ပါတယ်။ အကြီးတန်း အစိုးရတာဝန်ရှိသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး နှစ်နိုင် ငံလက်တွဲဆောင်ရွက်ရေးနဲ့ ရည်မှန်းချက်တူ ဆောင်ရွက်ရေးတို့ အရေးကြီးပုံကို ဒီခရီးစဉ်မှာ ဆွေးနွေးသွားဖို့ရှိ တယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မနေ့က သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတော့ ရိုဟင်ဂျာ ဒုက္ခသည်များ အကျပ်အတည်း၊ နိုင်ငံတကာ အရေးကိစ္စတွေမှာ ပူးပေါင်း ဆောင် ရွက်မှု ခိုင်မာရေး နဲ့ လုံခြုံရေးဆိုင်ရာကိစ္စများ တွဲဘက်ဆောင်ရွက်ရေး အကြောင်းတွေ ဆွေးနွေးသွားကြမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ပါကစ္စတန်မှာတော့ ကိုယ်စားလှယ်အဖွဲ့ ဟာ စီးပွါးရေးနဲ့ ရာသီဥတု အကျပ်အတည်း သက်ရောက်မှုကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်သူချင်း ဆက်ဆံမှုတိုးချဲ့ရေး ကိစ္စတွေကို တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါ တယ်။ ပါကစ္စတန်နဲ့ ရှိထားပြီးဖြစ်တဲ့ လုံခြုံရေးဆိုင်ရာကိစ္စများ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ပိုပြီး ခိုင်မာလာ အောင် ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက် က ဆိုပါတယ်။ Peshawar ဗလီကို အကြမ်းဖက်သမားတွေ က တိုက်ခိုက်မှုအတွက် ဝမ်းနည်းကြေကွဲကြောင်း သတင်းစကားကို ပါးမှာ ဖြစ်သလိုနဲ့ ရေဘေးကနေ ပြန်လည်န လန်ထဖို့ ကြိုးစားနေတဲ့ ပြည်သူတွေနဲ့ အမေရိကန်က တသားတည်းရှိကြောင်းကိုလည်း ကိုယ်စားလှယ်အဖွဲ့က ပြောကြားမှာ ဖြစ်ပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */