" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, October 2, 2022

အမျိုးသားညီညွတ်ရေး အစိုးရ ( NUG )


အမျိုးသားညီညွတ်ရေး အစိုးရ
သည် ၂၀၂၁ခုနှစ် မတ်လ ၃၁ရက်က ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) က ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာချက်အမှတ် ၂၃/၂၀၂၁ ကို ထုတ်ပြန်၍ အ တည်ပြု ဖွဲ့စည်းလိုက်သော ကြားကာလ ညီညွတ်ရေး အစိုးရဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ် စားလှယ်၆ဦးကို နိုင်ငံပေါင်း၅နိုင်ငံတွင်ခန့်အပ်ထားသည်။ [၁][၂][၃][၄]

အစိုးရအဖွဲ့တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စား လှယ် များ၊ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများမှ ထင်ရှားသူများ ပါဝင်သည်။ စစ်အစိုးရကမူ အမျိုးသားညီ ညွတ် ရေး အစိုးရကို တရားမဝင်ဟု ပြောဆိုခဲ့သည်သည်။[၅]

နိုင်ငံတကာအနေဖြင့် ၎င်းတို့အား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြရန် NUG က တောင်း ဆိုထားပြီး၊[၆] ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူ ဦးလွင်ကိုလတ်ကလည်း မကြာ မီ ကာလအတွင်း ကမ္ဘာ့နိုင်ငံကြီးအချို့၏ အသိအမှတ်ပြုမှုကို မျှော်လင့်ထားကြောင်း ပြောကြားသည်။[၇] နိုင်ငံ တ ကာ ကုန်သွယ်ရေးသမဂ္ဂ အကျိုးတူပူးပေါင်းအဖွဲ့က နိုင်ငံတကာအစိုးရများနှင့် ကုလသမဂ္ဂအနေဖြင့် NUG ကို အသိအမှတ်ပြုကြရန် နှိုးဆော်ထားသကဲ့သို့၊[၈] အာဆီယံဒေသတွင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှား သူ လွှတ် တော်ကိုယ်စားလှယ်များကလည်း ဧပြီလ ၂၄ရက်တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်အစိုးရ ကိုယ်စားလှယ်ထက် NUG ကိုသာ ဖိတ်ခေါ်သင့်ကြောင်း တိုက်တွန်းသည်။[၉]

အောက်တိုဘာလ ၅ ရက်တွင် ပြင်သစ်နိုင်ငံ အထက်လွှတ်တော်က အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံ ၏ တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။အောက်တိုဘာ ၇ ရက် တွင်လည်း ဥရောပ ပါလီမန်က အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော် မတီကို မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုခဲ့သည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ်များကို ချက်သမ္မတနိုင်ငံ အပါအဝင် တောင်ကိုရီးယားနိုင်ငံ စ သည့်နိုင်ငံများတွင် ထားရှိပြီးဖြစ်သည်။

အမျိုးသားညီညွတ်ရေး အစိုးရသစ်နှင့်အတူ ပြည်သူ့အသံ ရုပ်သံလိုင်း (Public Voice TV) ကိုလည်း ထုတ် လွှင့် ခဲ့သည်။[၁၀] ၂၀၂၁ မေလ ၅ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ သည်။[၁၁] မေလ ၈ ရက်နေ့တွင် စစ်ကောင်စီမှ ထိုတပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့ဟု ထုတ်ပြန်ကြေညာခဲ့သည်။[၁၂][၁၃]

အရေးပေါ်အခြေအနေ ကြေညာခြင်း

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်မှ စတင်ပြီး နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကြေညာခဲ့သည်။ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းရန်လိုအပ်လာသော အခြေအနေ အရပ်ရပ်ကြောင့် ပြည်ထောင်စု နိုင် ငံတော် တစ်ဝန်းလုံးအား အရေးပေါ်အခြေအနေအဖြစ် စက်တင်ဘာလ ၇ ရက်နေ့မှ ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန် လည်ထူထောင်နိုင်သည့် အချိန်အထိ သတ်မှတ်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် စက်တင်ဘာလ ၇ ရက်နေ့ မှစတင်ကာ ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း နှင့် အလုပ်ဆင်းရန် မလို အပ် ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ထုတ်ပြန်ကြေညာခဲ့သည်။







ပြည်ထောင်စုဝန်ကြီးများ

ဒုတိယဝန်ကြီးများ
 


ကိုးကား

  1. "အမျိုးသားညီညွတ်ရေးအစိုးရသစ်ဖွဲ့စည်းကြောင်း CRPH ကြေညာ"၊ 16 ဧပြီ 2021။

  2. "အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းကြောင်း CRPH ကြေညာ"၊ Radio Free Asia
  3. "အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း" (in my)၊ Committee Representing Pyidaungsu Hluttaw၊ 16 April 2021။
  4. Opponents of Myanmar's junta set up national unity government (2021-04-16)။
  5. Myanmar activists hold 'blue shirt' protests; report says junta chief to attend summit (2021-04-21)။
  6. Myanmar unity government says it must be part of any ASEAN bid to end crisis (2021-04-18)။
  7. Some countries will officially recognise Myanmar's shadow government in the coming days, says new minister (in en)။
  8. Myanmar: National unity government must be recognised (in en)။
  9. Myanmar's National Unity Government must be invited to this week's ASEAN Special Summit, MPs say (in en-US) (2021-04-20)။
  10. ပြည်သူ့အသံ ရုပ်သံ (Public Voice Television) ကို စတင်ထုတ်လွှင့်PVTV
  11. Sebastian Strangio။ "Can Myanmar’s New ‘People’s Defense Force’ Succeed?"၊ The Diplomat၊ 6 May 2021။
  12. "Myanmar junta designates shadow government as 'terrorist' group"၊ Deutsche Welle၊ 8 May 2021။
  13. CRPH ၊ NUG ၊ PDF နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများအား အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန် (in my)။
  14. စက်တင်ဘာ ၇ ရက်မှစ၍ အရေးပေါ်အခြေအနေသတ်မှတ်ကြောင်း NUG အစိုးရကြေညာ (in en) (7 စက်တင်ဘာ 2021)။
  15. တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများ အလုပ်မဆင်းရန် NUG အရေးပေါ်အခြေအနေ ကြေညာ (in en)
  16. "Who's Who in Myanmar's National Unity Government"၊ The Irrawaddy၊ 16 April 2021။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */