၂၀၂၀ မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော လွှတ် တော်ကိုယ်စားလှယ် ၃၀၀ ကျော် တွေ့ဆုံကြသည့် အွန်လိုင်းဇွန်းမ်(Zoom) အစည်းအဝေး၌ အဖွဲ့ဝင် ၁၅-ဦးဖြင့် ၂၀၂၁-ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။[၂][၃][၄]
ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဥပဒေကို ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်နေ့အထိ နောက်ထပ် ၅ နှစ်သက်တမ်းတိုးခဲ့သည်။[၆] ထိုနေ့မှာပင် ဆန္ဒပြမှုများ အား စစ်အစိုးရက ဖြိုခွင်းမှုများနှင့် ပတ်သက်၍ အကြမ်းဖက်မဖြိုခွင်းရန် ထုတ်ပြန်ခဲ့ကာ ဝန်ထမ်း များ၏ အာဏာ ဖီဆန်ရေး လှုပ်ရှားမှုများကို ထောက်ခံခဲ့သည်။[၇]
ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် တအောင်း (ပလောင်) အမျိုးသားပါတီနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ တို့မှ ကိုယ်စားလှယ်နှစ်ဦးကို ကော်မတီဝင်များအဖြစ် ထပ်မံပေါင်းထည့်ခဲ့သည်။[၈]
စဉ် |
အမည် |
ရာထူး |
ရွေးချယ်ခံရသည့်နယ်မြေ |
နိုင်ငံရေးပါတီ |
၁ |
ဒေါ်ဖြူဖြူသင်း |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် |
မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ် |
|
၂ |
ဦးရည်မွန် (ခ) ဦးတင်သစ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် |
ပုဗ္ဗသီရိမဲဆန္ဒနယ် |
|
၃ |
ဦးထွန်းမြင့် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် |
ဗဟန်းမဲဆန္ဒနယ် |
|
၄ |
ဦးနိုင်ထူးအောင် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် |
နွားထိုးကြီးမဲဆန္ဒနယ် |
|
၅ |
ဒေါက်တာဝေဖြိုးအောင် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် |
သာကေတမဲဆန္ဒနယ် |
|
၆ |
ဒေါ်ဇင်မာအောင် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် |
ရန်ကင်းမဲဆန္ဒနယ် |
|
၇ |
ဦးလွင်ကိုလတ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် |
သန်လျင်မဲဆန္ဒနယ် |
|
၈ |
ဦးဥက္ကာမင်း |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် |
မြိတ်မဲဆန္ဒနယ် |
|
၉ |
ဦးဝင်းနိုင် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် |
မိုးကောင်းမဲဆန္ဒနယ် |
|
၁၀ |
ဦးနေမျိုး |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် |
ညောင်ရွှေမဲဆန္ဒနယ် |
|
၁၁ |
ဦးဇော်မင်းသိန်း |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် |
လေးမျက်နှာမဲဆန္ဒနယ် |
|
၁၂ |
ဦးမျိုးနိုင် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် |
ချမ်းအေးသာဇံမြို့နယ် |
|
၁၃ |
ဦးဇေလတ် |
အမှတ် - ၇၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် |
ပဲခူးတိုင်းဒေသကြီး |
|
၁၄ |
ဒေါ်မြတ်သီတာထွန်း |
အမှတ် - ၈၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် |
မွန်ပြည်နယ် | |
၁၅ |
စောယှားဖောင်အွာ |
အမှတ် - ၄၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် |
ကရင်ပြည်နယ် | |
၁၆ |
ဦးရောဘတ်ညေးရယ် |
အမှတ် - ၁၀၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် |
ကယားပြည်နယ် | ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) |
၁၇ |
ဦးလမင်းထွန်း (ခ) အဖြိုး |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် |
နမ့်ဆန်မဲဆန္ဒနယ် |
တအောင်း (ပလောင်) အမျိုးသားပါတီ (TNP) |
၁၈ |
ဦးလမာနော်အောင် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် |
အင်ဂျန်းယန်မဲဆန္ဒနယ် |
ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) |
၁၉ |
ဦးစည်သူမောင် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် |
ပန်းပဲတန်းမဲဆန္ဒနယ် |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) |
၂၀ |
ဦးအောင်ကြည်ညွန့် |
အမှတ် - ၆၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် |
မကွေးတိုင်းဒေသကြီး |
သတင်းထုတ်ပြန်ချက် အမှတ် (၁၂)
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၆ ရက်
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂ ဦး ဖြစ်သည့် တိုင်းရင်း သားကိုယ်စားလှယ်များကို ထပ်မံတိုးချဲ့ကာ အဖွဲ့ဝင် ၁၇ ဦးဖြင့် တာဝန် ထမ်းဆောင်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ ၂၀-၄-၂၀၂၁ ရက်တွင် ကျင်းပသော အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်ပါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို ပြည် ထောင်စုလွှတ်တော်ကိုယ် စားပြုကော်မတီတွင် အဖွဲ့ဝင်များအဖြစ် ထပ်မံတိုးချဲ့ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
၁။ ဦးအောင်ကြည်ညွန့်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၆)၊မကွေးတိုင်းဒေသကြီး။
၂။ ဦးလမာနော်အောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ကချင်ပြည်နယ်ပြည်သူ့ပါတီ၊အင်ဂျန်းယန်မဲဆန္ဒနယ်၊ကချင်ပြည်နယ်။
၃။ ဦးစည်သူမောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ပန်းဘဲတန်းမဲဆန္ဒနယ်၊ရန်ကုန်တိုင်း။
The Committee Representing Pyidaungsu Hluttaw
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် မတ်လ ၂ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၁/၂၀၂၁) ကိုထုတ်ပြန်၍ တာဝန်ထမ်းဆောင်နိုင်သည့် အခြေအနေမရှိသော ဝန်ကြီးများနေရာတွင် ကိုယ်စားဆောင်ရွက်ရန် ယာယီပြည်ထောင်စု ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခဲ့သည်။[၉]
ခေတ္တဝန်ကြီးများ
စဉ် |
အမည် |
ဝန်ကြီးဌာန |
တာဝန်ထမ်းဆောင်ခြင်း |
|
||
စတင်ရက် |
ပြီးဆုံးရက် |
ရက်ပေါင်း |
|
|||
၁ |
ဒေါ်ဇင်မာအောင် | နိုင်ငံခြားရေးဝန်ကြီးဌာန |
၂ မတ် ၂၀၂၁ |
လက်ရှိ |
၅၆၀ |
|
၂ |
ဦးလွင်ကိုလတ် | သမ္မတရုံးဝန်ကြီးဌာန |
၂ မတ် ၂၀၂၁ |
လက်ရှိ |
၅၆၀ |
|
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန |
|
|||||
၃ |
ဦးတင်ထွန်းနိုင် | စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန |
၂ မတ် ၂၀၂၁ |
လက်ရှိ |
၅၆၀ |
|
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန |
|
|||||
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန |
|
|||||
၄ |
ဒေါက်တာဇော်ဝေစိုး | အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန |
၂ မတ် ၂၀၂၁ |
လက်ရှိ |
၅၆၀ |
|
ပညာရေးဝန်ကြီးဌာန |
|
|||||
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန |
|
|||||
၅ |
ဒေါက်တာဝင်းမြတ်အေး | လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန |
၂၃ မတ် ၂၀၂၁ |
လက်ရှိ |
၅၃၉ |
|
လုပ်ဆောင်ချက်များ
မတ်လ ၂၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီးဌာနသည် စစ်ကောင်စီ၏ ဖျက်စီးမှုကြောင့် မတ်လ ၂၇ ရက်နေ့၌ မီးဘေးသင့် ခဲ့ သော အိမ်ခြေ ၇၀ အား သိန်း ၇၀ ထောက်ပံ့ပေးခဲ့သည်။[၁၀]
မတ်လ ၃၁ ရက်နေ့တွင် ကော်မတီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးဖြတ်သိမ်းကြောင်းကြေညာခဲ့ ပြီး [၁၁] ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ကိုလည်းထုတ်ပြန်ကြေညာခဲ့သည်။[၁၂]
မတ်လ ၃၁ ရက်၌ ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) က တင်သွင်းပြီး ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာချက်အမှတ် ၂၃/၂၀၂၁ ကို ထုတ်ပြန်၍ ကြား ကာလ အမျိုးသားညီညွတ်ရေး အစိုးရတစ်ရပ်ကို အတည်ပြု ဖွဲ့စည်းခဲ့သည်။[၁၃] ထိုကြေညာချက်ကို ပြည်သူ့အသံ ရုပ်သံလိုင်း၏ ဖေ့စဘွတ်စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့ပြီး ၎င်းရုပ်သံလိုင်းကိုပါ တစ်ဆက်တည်း အသက်သွင်းခဲ့သည်။[၁၄] ကြေညာချက်အရ မန်းဝင်းခိုင်သန်းသည် ဖက်ဒရယ် ပြည်ထောင်စုဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
မတရားအသင်းအဖြစ် ကြေညာခံရခြင်း
မတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို မတရားအသင်း အဖြစ်ကြေညာခဲ့သည်။ မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၆ အရ CRPH ကော် မတီနှင့် ယင်းကော်မတီက ဖွဲ့စည်းထားသော အဖွဲ့ အစည်းများကို မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (၂) ပါ အဓိပ္ပာယ် ဖော်ပြချက်များနှင့်အညီ မတရားအသင်း အဖြစ် ကြေညာလိုက်ကြောင်း စစ်ကောင် စီ က ခန့်အပ်သည့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ထုတ်ပြန်ခဲ့သည်။[၁၅]
၁။ CRPH ဆိုတာ ဘာလဲ?
CRPH ဆိုတာ ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ လွှတ်တော်ခေါ်ပြီး တရား၀င် ကိုယ်စားပြုအာဏာ ရရှိထားသော အဖွဲ့အစည်းဖြစ်ပါတယ်။ တရား၀င်ကိုယ်စားပြုအာဏာရှိတဲ့အတွက် CRPH ဟာ နိုင်ငံတကာမှာ ပြည်သူ့အသံကို ကိုယ်စားပြုပြီး တောင်းဆိုမှုတွေ လုပ်ဆောင်နိုင်ပါတယ်။
၂။ CRPH က ဘယ်အထိ စွမ်းဆောင်နိုင်သလဲ?
CRPH အနေနဲ့ ပြည်သူတွေဆီက မတရားအာဏာလုထားတဲ့ လက်နက်ကိုင်အကြမ်းဖက် စစ်အာဏာရှင်များကို နိုင်ငံတကာမှအရေးနိုင်ရေးအတွက် အဆင့်ဆင့်တောင်းဆိုမှုများ ပြုလုပ်နိုင်ပါသည်။
၃။ CRPH ရဲ့ တရားဝင်ကိုယ်စားပြုအာဏာကို ဖျက်သိမ်းခွင့်ရှိလား?
မရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်သွားခဲ့လျှင်တောင် CRPH ၏ တရား၀င်မှုသည် ပြည်သူထံမှ ဆင်းသက် လာ သော အာဏာဖြစ်သောကြောင့် မည်သူမှ ဖျက်သိမ်းခွင့်မရှိပါ။
၄။ လူထုက ဘာလုပ်ပေးနိုင်မလဲ?
CRPH ရဲ့ တရား၀င်မှုကို လူထုက ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံပေးရမှာဖြစ်ပါတယ်။ CRPH ရဲ့ ဆုံးဖြတ်ချက် များ အားလုံးကို ပြည်သူများနဲ့ နိုင်ငံ့၀န်ထမ်းများက လိုက်ပါဆောင်ရွက်ကြရပါမယ်။ ဥပမာ - ကြားကာလပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ CDM လှုပ်ရှားမှုတွင် ပါ၀င်ခြင်း။
ကိုးကား- "NLD အမတ် ၁၅ ဦးပါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်း" (in my)၊ VOA၊ 5 February 2021။
- ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်း၊ သမ္မတဦးဝင်းမြင့် ခေါင်းဆောင်သော အစိုးရသာလျှင် တရားဝင်အစိုးရဖြစ်ကြောင်း ကမ္ဘာကိုကြေညာ။ 2021-02-05 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-05 တွင် ပြန်စစ်ပြီး။
- NLD အမတ် ၁၅ ဦးပါ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဖွဲ့စည်း။ 2021-02-06 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-06 တွင် ပြန်စစ်ပြီး။
- ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီကို ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များ ထုတ်ပြန်။ 2021-02-06 တွင် ပြန်စစ်ပြီး။
- Amid Coup, Myanmar's NLD Lawmakers Form Committee to Serve as Legitimate Parliament (in en-US) (2021-02-08)။
- "ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အစိုးရဖွဲ့ဖို့ပြင်" (in my)၊ BBC News မြန်မာ။
- ဆန္ဒပြသူများကို အကြမ်းဖက်မဖြိုခွင်းရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ထုတ်ပြန် (in my)။ 15 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 February 2021 တွင် ပြန်စစ်ပြီး။
- သတင်းထုတ်ပြန်ချက် အမှတ်( ၂ ) (in my) (2021-02-10)။
- "CRPH က အစိုးရသစ်ဖွဲ့တာမဟုတ်၊ ကြားကာလ ကိုယ်စားပြုသူတွေ ခန့်ထားတာလို့ဆို"။
- စစ်ကောင်စီ၏ လက်ချက်ကြောင့် မီးဘေးသင့်ခဲ့သော အိမ်ခြေ ၇၀ အား CRPH မှ သိန်း ၇၀ ထောက်ပံ့
- CRPH မှ ၂၀၀၈ ခြေဥဖျက်သိမ်း
- ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ထုတ်ပြန်ကြေညာခြင်း
- "အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း" (in my)၊ Committee Representing Pyidaungsu Hluttaw၊ 16 April 2021။
- ပြည်သူ့အသံ ရုပ်သံ (Public Voice Television) ကို စတင်ထုတ်လွှင့်။ PVTV။
- CRPH က အကြမ်းဖက်အဖွဲ့အဖြစ် ထုတ်ပြန်သလို စစ်ကောင်စီကလည်း မတရားအသင်း ကြေညာ CRPH က အကြမ်းဖက်အဖွဲ့အဖြစ် ထုတ်ပြန်သလို စစ်ကောင်စီကလည်း မတရားအသင်း ကြေညာ
No comments:
Post a Comment