VOA
ဗွီအိုအေ (မြန်မာဌာန)
16 သြဂုတ်၊ 2021

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခံရသူ ၅ ဦး အပါအဝင် မြန်မာစစ်တပ်ရဲ့ လူမဆန်တဲ့အကြမ်းဖက်မှုတွေ ကို ခံခဲ့ကြရတဲ့ ရိုဟင်ဂျာတွေဟာ မနက်ဖြန် သြဂုတ် လ ၁၇ ရက်နေ့ကျရင် အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့က ပြည်ထောင်စု အယူခံတရားရုံးမှာ ထွက်ဆိုကြမှာ ဖြစ်ပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုအတွက် နိုင်ငံတကာ တရားစီရင်ရေးစံနစ်အောက်မှာ အာဂျင်တီးနား တရား ရုံးက လက်ခံ ကြားနာတာ ဖြစ်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ဆယ်စုနှစ်တွေနဲ့ချီပြီး ကြိုးစားခဲ့ပြီးတဲ့နောက် အခုလို ထွက်ဆိုခွင့်ရတာဟာရိုဟင်ဂျာတွေအတွက် သမိုင်းဝင် ဖြစ်ရပ်တခုဖြစ်ကြောင်း မြန်မာ ရိုဟင်ဂျာအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တယ်ဆိုတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ် မှုတွေအတွက် မြန်မာစစ်ဘက်နဲ့ အရပ်ဘက်ခေါင်းဆောင်တွေအပေါ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ BROUK အဖွဲ့က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဦးတိုက် လျှောက်ထားခဲ့တာပါ။
၂၀၁၉ ခုနှစ်အတွင်း အာဂျင်တီးနားတရားရုံးမှာ အဲဒီလို လျှောက်ထားခဲ့ပြီးတဲ့နောက် ICC - နိုင်ငံတကာရာဇ ဝတ်ခုံရုံးနဲ့ ICJ - နိုင်ငံတကာ တရားရုံးတို့မှာ မြန်မာအပေါ် စွဲချက်တင်ထားတဲ့အမှုတွေအတွက် ကြားနာ စစ် ဆေးတာအပါအဝင် ရိုဟင်ဂျာအရေးအတွက် နိုင်ငံတကာတရားရုံးတွေမှာ ကြားနာစစ်ဆေးမှုတွေ အရှိန်ရလာ နေပါတယ်။

Link : Here
No comments:
Post a Comment