" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, March 23, 2021

ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှု ၇ ဦးထက်မနည်း သေဆုံး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
23 မတ်၊ 2021 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသက မီးလောင်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း မြင်ကွင်း။ (မတ် ၂၃၊ ၂၀၂၁)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မနေ့တနင်္လာနေ့က အကြီးအကျယ် မီးလောင်ခဲ့တာကြောင့် လူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ကိစ္စကို ဘင်္ဂလားဒေ့ရှ်အစိုးရက စုံစမ်းစစ်ဆေးနေပါတယ်။ ဒီဖြစ်ရပ်ကြောင့် Cox’s Bazar က ဘာလုခါလီ ဒုက္ခသည်စခန်းကနေ လူထောင်ချီနေရပ်ပြောင်းရွှေ့ထားရပြီး အပျက်အစီးတွေကြားမှာ သေဆုံးသူတွေရှိ၊ မရှိ တာဝန်ရှိသူတွေ ဒီကနေ့ဆက်ပြီး ရှာဖွေနေပါတယ်။

တနင်္လာနေ့နှောင်းပိုင်းက မီးလောင်မှုကြောင့် ထောင်နဲ့ချီတဲ့ လူနေတဲတွေ မီးထဲပါသွားခဲ့တာပါ။ ကလေး၃ ဦးအပါအဝင်သေဆုံးသူအားလုံးရဲ့အလောင်းတွေ ရုပ်လုံးမပေါ်လောက်အောင် မီးလောင်ထားကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ကအတည်ပြုပါတယ်။ မီးလောင်ရတဲ့အကြောင်းရင်း မသိရသေးသလို စုံစမ်းနေဆဲဖြစ်တယ်လို့လည်း အဆင့်မြင့်ရဲအရာရှိ Zakir Hossain Khan ကပြောပါတယ်။

အပြည်ပြည်ဆိုင်ရာလခြမ်းနီအဖွဲ့၊ ဘင်္ဂလားဒေ့ရှ်ရုံးရဲ့အဆိုအရ ဒုက္ခသည်တွေရဲ့တဲပေါင်း ၁၇,၀၀၀ ကျော်မီးထဲ ပါသွားပြီး ထောင်နဲ့ချီတဲ့လူတွေကို နေရာပြောင်းရွှေ့ထားရတယ်လို့ဆိုပါတယ်။ ဘာလုခါလီ ဒုက္ခသည် စခန်းမှာ ခိုလှုံနေသူ ၁၂၄,၀၀၀ လောက်ရှိတယ်လို့လည်း လခြမ်းနီအဖွဲ့ကပြောပါတယ်။

ဘာလုခါလီ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်မှုပြင်းထန်

မျက်မြင်တွေ့သူတချို့ရဲ့အဆိုအရ စခန်းကို ကာထားတဲ့ သံဆူးကြိုးတွေကြောင့် လူတွေပိတ်မိနေခဲ့ပြီး တချို့လည်း ထိခိုက်ဒဏ်ရာတွေရခဲ့ကြတဲ့အတွက် သံဆူးကြိုးတွေ ဖယ်ရှားပစ်ဖို့လည်း လူမှုရေးအဖွ့ဲတွေက ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းလာကြပါတယ်။

အပြည်ပြည်ဆိုင်ရာဒုက္ခသည်များအဖွဲ့ Refugee International ရဲ့ထုတ်ပြန်ချက်မှာတော့ မီးလောင်မှုကြောင့် လူ ၅,၀၀၀ လောက် နေရာပြောင်းရွှေ့ပေးထားရတယ်လို့ ခန့်မှန်းထားပါတယ်။ ကလေးငယ်အတော်များများ ပျောက် ဆုံးနေဆဲဖြစ်ပြီး ဘယ်လောက်ထိခိုက်ပျက်စီးသွားသလဲဆိုတာ အတိအကျမသိနိုင်သေးဘူးလို့ ဖော်ပြထားပါတယ်။

စခန်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်အများစုက ၂၀၁၇ ခုနှစ်မှာ မြန်မာလုံခြုံရေးတပ်ရဲ့ နှိမ်နင်းမှုကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ထွက်ပြေးလာသူတွေဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်မခံတဲ့ မြန်မာတာဝန်ရှိသူတွေက ဒုက္ခသည်တွေကို ပြန်လည် လက်ခံမယ်လို့တော့ ပြောဆိုထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */