Tuesday, January 19, 2021

ထိုင်းနယ်စပ် လူမှောင်ခိုစွန့်ပစ်ခဲ့တဲ့ မြန်မာလုပ်သားတချို့ အဖမ်းဆီးခံ

VOA
ဗွီအိုအေ (မြန်မာဌာန)
မအေးအေးမာ
19 ဇန္နဝါရီ၊ 2021

တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာတဲ့ မြန်မာနိုင်ငံသား တချို့။

မလေးရှားနိုင်ငံက တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာတဲ့ မြန်မာနိုင်ငံသား တချို့ကို ထိုင်းနိုင်ငံနယ်စပ်မှာ လူမှောင်ခိုတွေက စွန့်ပစ်တာခံခဲ့ရပြီးနောက် ထိုင်းရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မလေးရှားနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ ဟတ်ရိုင်မြို့ ထုံးလုံနယ်မြေ ရာဘာခြံထဲမှာ လူမှောင်ခိုတွေက စွန့်ပစ် သွား ခဲ့ပြီးနောက် အစာရေစာ ပြတ်လပ်လာရာက မြန်မာနိုင်ငံသား ၁၁ ယောက် ရဲတပ်ဖွဲ့ထံ ဒီတပတ်ထဲမှာပဲ အဖမ်း ခံခဲ့ကြတာ ဖြစ်ပါတယ်။ လူမှောင်ခိုတွေ စွန့်ပစ်သွားခဲ့တာကြောင့် အခက်အခဲကြုံနေရချိန်မှာပဲ အလုပ်သမား ရေးလှုပ်ရှားသူတွေထံ အကူအညီရဖို့ ဆက်သွယ်ခဲ့ကြောင်းလည်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ် သ မား အခွင့်အရေးကွန်ယက်ရဲ့ ဟတ်ရိုင်မြို့ တာဝန်ခံ ဦးဘရီက ပြောပါတယ်။

“တောထဲက မလေးရှားက ပြန်လာတဲ့ အလုပ်သမား ၁၁ ယောက် ဒုက္ခရောက်နေတာပေါ့။ပွဲစားက ဖုန်းဆက် တာ လာမကြည့်ဘူး။ ထမင်းငတ်တာ ၄ ရက်လောက်ရှိပြီး ကျနော်က သူတို့ဆီကို ဆက်သွယ်ပြီး ဖုန်းဆက် တဲ့ အခါမှာ သံရုံးကို သူတို့ဆက်တယ်။ အဲဒီလိုငတ်မွတ်ပြီး ဒုက္ခရောက်နေရင်တော့ ရဲဆီမှာ အဖမ်းခံလိုက်လို့ ပြော ပြတယ်တဲ့ ရာဘာခြံထဲမှာ တောထဲမှာ ငတ်မွတ်နေတော့ အသေတော့မခံဘူး။ ရဲကို အဖမ်းခံလိုက်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ရဲကို ကျနော်တို့ သွားမေးတော့ လိုက်စီစစ်တော့ သူတို့ကို ဘယ်အချုပ်ခန်းမှာ ထားတယ် ဆိုတာတော့ ရဲတွေက အတိအကျ မပြောပြဘူး။” 


SEE ALSO:
မလေးရှားရောက် မြန်မာအလုပ်သမား ၃၀၀ ကျော် ကိုဗစ်ကူးစက်ခံရ 


ကပ်ရောဂါကာလ ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် မလေးရှားနိုင်ငံမှာ စား ဝတ်နေရေး အခက်အခဲ ကြုံနေရချိန် မြန်မာနိုင်ငံသား အလုပ်သမားတွေ တရားဝင်ရော၊ တရားမဝင် လမ်း ကြောင်း တွေကပါ နေရပ်ပြန်ဖို့ ကြိုးစားတာ၊ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေဖို့ ကြိုးစားတာ တွေ ရှိနေပြီး မကြာခဏ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။

အခုဆိုရင် မလေးရှားနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံက ရာဘာတောတွေ၊ တောအုပ်တွေထဲမှာ လူမှောင်ခိုတွေ စွန့် ပစ်ခံရလို့ အခက်ကြုံနေရသူ ၂၀ ထက်မနည်း ရှိနေတယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူ ဦးဘရီ က ပြောပါတယ်။

“ကိုဗစ်ကပ်ရောဂါ ကြောက်လန့်ပြီး မလေးရှားက လာတဲ့ ကိုယ့်မြန်မာနိုင်ငံသားတွေကို အနားကို မကပ်ရဲကြတဲ့ မြန်မာနိုင်ငံသားတွေက အများကြီး ကျနော်တို့ အနီးအနားပတ်ဝန်းကျင်မှာ။ သူတို့က ကြောက်တယ်... မလေး ရှားက လာတယ်ဆိုရင် ဘယသူမှ လက်မခံရဲဘူး။”

ထိုင်းနိုင်ငံမှာ တရားမဝင် ရောက်ရှိနေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို အထောက်အထား လက်မှတ် လုပ်ပေးတဲ့ ကာလဖြစ်တဲ့အတွက် ဖမ်းဆီးတာတွေ မလုပ်ဖို့ ထိုင်းအာဏာပိုင်တွေက ညွှန်ကြားထားပေမဲ့ ကပ် ရောဂါကာလ အသွားအလာတွေ ကန့်သတ်ထားတာကြောင့် တရားမဝင် သွားလာရင်တော့ ဖမ်းဆီးခံရလေ့ရှိ ပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတဝန်းက လူကုန်ကူးမှု ဆိုင် ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိတဲ့ အနိမ့်ဆုံးအဆင့် နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံသားတွေနဲ့ ဆက် စပ်တဲ့ လူမှောင်ခိုမှုတွေ ရှိနေတဲ့ ထိုင်းနိုင်ငံကတော့ tire 2 စောင့်ကြည့်အဆင့်မှာ ထည့်သွင်းထားဆဲ ဖြစ်ပါ တယ်။ 

Link:Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */