" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 11, 2020

မြန်မာအစိုးရသစ်နှင့် စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့် အရေးများဆက်လက်ပူးပေါင်းလုပ်ဆောင်ရန် အမေရိကန် စောင့်မျှော်နေ

7DAY NEWS

ထက်အာကာကျော်
Tuesday, November 10, 2020 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုကိုတွေ့ရစဉ် ဓာတ်ပုံ - အီးပီအေ


မြန်မာအစိုးရသစ်နှင့် စီးပွားရေး၊ ငြိမ်းချမ်း ရေးနှင့် လူ့အခွင့်အရေးများကို ဆက်လက်ပူးပေါင်းလုပ်ဆောင်ရန် အမေရိကန်ပြည်ထောင်စုက စောင့်မျှော်နေ ကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက နိုဝင်ဘာ ၉ ရက် တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်သည် မြန်မာ ပြည်သူများ၏ ဒီမိုကရေစီ၊ ဖွံ့ဖြိုးမှုနှင့် အမျိုးသားပြန်လည်သင့် မြတ်ရေးလိုလားမှု များအတွက် တစိုက်မတ်မတ်ရပ်တည်ခဲ့သည့် မိတ်ဖက်အဖြစ် ဆက်လက်ရှိနေ ဆဲဖြစ်ပြီး ရွေးကောက်ပွဲအပြီး ပေါ် ပေါက်လာမည့် အစိုးရသစ်နှင့် အလုံးစုံစီးပွားရေးတိုးတက်ရေး၊ နိုင်ငံတစ်ဝန်း ရေရှည်တည်တံ့ သည့် ငြိမ်း ချမ်းရရှိရေးနှင့် လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့် အားလုံးကို လေးစားမြှင့်တင်ရေး တို့အတွက် ပူးပေါင်း ဆောင်ရွက် ရန် မျှော်လင့်နေကြောင်း ထုတ် ပြန်ချက်၌ ဖော်ပြသည်။

COVID-19 ကပ်ရောဂါဖြစ် ပွားနေသည့် စိန်ခေါ်မှုများအကြား ရွေးကောက်ပွဲဖြစ်မြောက်စေရေး လုပ်ဆောင်ခဲ့ သူအားလုံး၏ ကြိုး ပမ်းမှုများကို အသိအမှတ်ပြုချီးကျူးကြောင်း အမေရိကန်နိုင်ငံ ခြား ရေးဝန်ကြီးကဆိုသည်။

အမေရိကန်သည် ရွေး ကောက်ပွဲလုပ်ငန်းစဉ်ကို အနီးကပ်စောင့်ကြည့်နေပြီး မဲရေတွက်ခြင်းနှင့် အငြင်းပွား မှု များ ဆုံးဖြတ် ရာတွင် ပွင့်လင်းမြင်သာစွာ၊ အများယုံကြည်လက်ခံစေရန် သက်ဆိုင်ရာတာဝန်ရှိများထံ တောင်း ဆိုကြောင်း ထုတ်ပြန်ချက်၌ ဖော် ပြသည်။

သို့ရာတွင် တပ်မတော်က အခြေခံဥပဒေအရ ရွေးကောက်ခံမဟုတ်သည့် ထိုင်ခုံအရေအ တွက် များပြားစွာရ ယူထားခြင်း၊  ရိုဟင်ဂျာများ အပါအဝင် အုပ်စုများကို မဲပေးခွင့်မပြုခြင်း၊ ပြည်နယ်များ တွင် မဲဆန္ဒနယ်များစွာ ပယ်ဖျက် ခြင်းနှင့် ကိုယ်စားလှယ်လောင်း များကို သတ်မှတ်ချက်မပြည့်မီ ခြင်းကြောင့် ချန် လှပ်ခဲ့ခြင်းအပေါ် အမေရိကန် ပြည်ထောင်စုက စိုးရိမ်ကြောင်း ထုတ်ပြန်သည်။

မြန်မာ့အထွေထွေရွေး ကောက်ပွဲသည် နိုင်ငံ၏ ဒီမိုက ရေစီ အသွင်ကူးပြောင်းရေးတွင် အရေးကြီးသည့် ခြေ လှမ်းဖြစ်ပြီး ပထမဆုံးအကြိမ် မဲပေးသူများ အပါအဝင် သန်းနှင့်ချီသော ပြည်သူများက ၎င်းတို့၏ ကိုယ်စားပြုမှု ရွေးချယ်ခြင်းကို လုပ်ဆောင်ခဲ့ကြကြောင်း အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးက ဆိုသည်။

Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */