" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, September 27, 2020

ရိုဟင်ဂျာများ နေရပ်ပြန်ရေး နိုင်ငံတကာက ပိုမို ဆောင်ရွက် ပေးရန် ဘင်္ဂလားဒေ့ရှ် တောင်းဆို

မဇ္ဈိမ
စက်တင်ဘာ ၂၇၊ ၂၀၂၀
မြန်မာနိုင်ငံကို ရိုဟင်ဂျာများ (မူရင်း) နေရပ်ပြန်ပို့ရေးတွင် နိုင်ငံတကာက ပိုမိုဆောင်ရွက်ပေးကြရန် ဘင်္ဂ လားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက တောင်းဆိုလိုက်သည်။


၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် နယ်မြေရှင်းလင်းရေးကြောင့် ထွက်ပြေးလာသည့် နိုင်ငံမဲ့ ရိုဟင်ဂျာ (မူ ရင်း) အများစုပါဝင်သည့် လူ ၁ သန်းခန့်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားရသည်။

“သုံးနှစ်ကျော် ကြာသွားပါပြီ။ စိတ်မကောင်းစရာကတော့ ရိုဟင်ဂျာ (မူရင်း) တစ်ဦးတစ်လေကိုမှ နေရပ်ပြန် မပို့နိုင်သေးတာပါ။ ပြဿနာ ဖြစ်စေတာက မြန်မာနိုင်ငံဖြစ်လို့ မြန်မာမှာပဲ အဖြေရှာရမှာပါ။ ဒီအကျပ်အ တည်းကို ဖြေရှင်းဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုပြီး ထိရောက်တဲ့ အခန်းကဏ္ဌကနေ ပါဝင်ကြဖို့ တောင်း ဆိုချင်ပါတယ်” ဟု စက်တင်ဘာလ ၂၆ ရက်နေ့က အွန်လိုင်းဗီဒီယိုမှတစ်ဆင့် ပြုလုပ်သည့် ကုလသမဂ္ဂ အေ ထွထွေ ညီလာခံ မိန့်ခွန်းတွင် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက ပြောခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်နေသူများကို စားနပ်ရိက္ခာနှင့် အခြား အေ ထာက် အပံ့များပေးရန် စီစဉ်နေကြောင်း၊ ယင်းအစီအစဉ်အရ မိသားစု ၁၀ သန်းကို အကျိုး ရှိစေမည် ဖြစ် ကြောင်း၊ ကျောင်းသား လေးသန်းကိုလည်း ပညာသင်ဆု ထောက်ပံ့ထားကြောင်း၊ လယ်သမားနှင့် အ လုပ် သမား ငါးသန်းကိုလည်း ငွေသားထောက်ပံ့ပေးထားကြောင်းလည်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ထည့် သွင်း ပြောကြားသွားသည်။

သုံးနှစ်ကြာသည့်တိုင် ရိုဟင်ဂျာ (မူရင်း) ၁ သန်းခန့် လုံခြုံစွာ နေရပ်ပြန်နိုင်ရေး လုပ်ဆောင်ပေးရန် မြန်မာ အစိုးရက ပျက်ကွက်နေသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဩဂုတ်လအတွင်းက သတင်းထုတ်ပြန်ထားသေးသည်။

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */