Thursday, February 27, 2020

ဘင်္ဂလားဒေ့ရှ်ဘက် ဈေးနှုန်းကျဆင်းမှုကြောင့် မောင်တောကြက်သွန်နီများ တင်ပို့ရေး အခက်ကြုံ

DVB
27 February 2020
လင်းလက် 
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကနေ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တင်ပို့နေတဲ့ ကြက်သွန် နီတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ဈေးကျဆင်းနေတဲ့အတွက် ကြက်သွန်နီတင်ပို့မရဖြစ်နေပြီး ပျက်စီးဆုံး ရှုံးမှာကို ကုန်သည်တွေ စိုးရိမ်နေကြပါတယ်။

“အခုက ဈေးကျနေလို့ ဈေးမကိုက်လို့ လှေပေါ်ကနေ တင်မလား၊ မတင်ဘူးလား ဆိုပြီး ဖြစ်နေတာပါ။ ကြက်သွန်နီက များများလာနေလို့ ဈေးကျနေတာ နည်းနည်းလာရင် ဈေးရတယ်။ များများလာရင် ဈေးကျ သွားတယ်။ ပို့တော့ပို့နေတယ် ဟိုဘက်ကိုရောက်နေတဲ့ ဘုတ်တွေ မလာနိုင်လို့ ဒီမှာ ကုန်တွေသောင် တင် နေ တာပါ” လို့ ကြက်သွန်ကုန်သည်တဦးက ပြောပါတယ်။

အရင်က ဘင်္ဂလားဒေ့ရှ်နိုင်င်မှာ ကြက်သွန်နီ ၁ ကီလို တာကာ ၂၂၀ အထိ ရှိခဲ့ပြီး အခုအခါ ၁ ကီလို ၈၅/၈၀ တာကာသာရှိတော့ကြောင်း၊ ကြက်သွန်နီတင်ပို့မူတွင်လည်း မော်တော်ဘုတ် မလုံလောက်တဲ့အတွက် အ ခက်တွေ့နေရတယ်လို့ ကြက်သွန်နီတင်ပို့နေတဲ့ ကုန်သည်တဦးက ပြောပါတယ်။

“မော်တော်ဘုတ်ကလည်း မလုံလောက်ဘူး။ ပစ္စည်းရောက်တာနဲ့ တင်ပို့တာ မညီမျှဘူး။ တနေ့ကို မော် တော ၇ စီး ၈ စီးလောက်သာထွက်နိုင်တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာလည်း ကုန်တင်ရတာ ကိုယ့်အ လှည့်နဲ့ကိုယ်တင်ရတယ်။ ဒါကြောင့် အချိန်ကြန့်ကြာရင် ကုန်တွေ ပျက်စီးတာတွေ ဖြစ်လာတာရှိတယ်” လို ပြောပါတယ်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ ကြက်သွန်နီ တန်ချိန် ၁၈၀ တန်သာ တင်ပို့ခဲ့ပေမဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ ကြက်သွန်နီတန်ချိန် ၁၁၇၅ တန်၊ နိုဝင်ဘာလမှာ ၁၀၇၄ တန်၊ ဒီဇင်ဘာလမှာ တန်ချိန် ၇၆၁ တန် ထိတင်ပို့ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ ကန်ဒေါ်လာ ၁၀၃၁၆၉၆ ဖိုးရှိ ကြက်သွန်နီ တန်ချိန် ၁၂၀၂ တန် အမြင့်ဆုံး တင်ပို့ထားတယ်လို့ မောင်တောနယ်စပ် ကုန် သွယ်ရေးစခန်းရဲ့ တရားဝင်ကိန်းဂဏန်းတွေအရ သိရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */