Thursday, February 20, 2020

လှည်းကူးမြို့နယ်ထဲ ရိုဟင်ဂျာ ၄၉ ဦး အဖမ်းခံရ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
မြန်မာဌာန | သတင်းများ
■ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲမှာ ဖေဖော်ဝါရီလ ၁၉ ရက် မနေ့ကရိုဟင်ဂျာ ၄၉ ဦး အဖမ်းခံခဲ့ရပါ တယ်။

အဲဒီရိုဟင်ဂျာတွေကို တရားရုံးတင်ဖို့ သက်ဆိုင်ရာက လုပ်ဆောင်နေတယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဒေါ်မြတ်မာလာထွန်းက RFA ကို အတည်ပြုပြောပါတယ်။

သူတို့ဟာ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၂၅ မိုင် ၆ ဖာလုံ) ဘေးက စာဘူးတောင်းကျေးရွာ အုပ်စု သျှစ်ကုန်းရွာနဲ့ ၃ ဖာလုံအကွာတောထဲကအနက် ပေ ၂၀၀ အနက်ရှိတဲ့ လျှိုထဲမှာဖမ်းဆီးရမိ တာပါ။ဖမ်း ဆီးရမိထားသူတွေထဲမှာ အမျိုးသား ၁၈ ယောက်၊ အမျိုးသမီး ၂၈ ယောက်နဲ့ ကလေး သုံးယောက် စု စုပေါင်း ၄၉ ယောက်ပါဝင်ပါတယ်။

သူတို့တွေဟာ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေ၊ မင်းပြား၊ ဘူးသီးတောင်မြို့နယ်တွေကဖြစ်ပြီး မလေးရှားနိုင်ငံကိုသွားဖို့ ထွက်ခွာလာတာပါ။

အဲဒီတောထဲမှာ ရိုဟင်ဂျာတွေ နောက်ထပ်ရှိသေးသလားဆိုတာကိုလည်း ရဲတပ်ဖွဲ့က ဆက်လက်ရှာ ဖွေ စစ်ဆေးနေပါတယ်။

FB.

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */