Sunday, January 5, 2020

တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ ယခုလအတွင်း လာရောက်ရန် စီစဉ်

မဇ္ဈိမ 
05 January 2020

 ဇန်နဝါရီ ၅ ။ ။ တရုတ်သမ္မတ ရှီကျင့်ဖျင် ယခုလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်လျက်ရှိကြောင်း အစိုးရနှင့် မီဒီယာသတင်းရင်းမြစ်များအရ သိရသည်။

တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း တရုတ်-မြန်မာ ဆက်ဆံရေး၊ တရုတ်၏ ဖွံ့ဖြိုးရေးပရောဂျက်စီမံ ကိန်းများ၏ တိုးတက်မှု အခြေအနေ စသည့် ကိစ္စရပ်များနှင့်စပ်လျင်း၍ ဆွေးနွေးသွားကြရန် ရှိနေသည်ဟု ဆိုသည်။
၂၀၀၉ ခုနှစ်က မစ္စတာ ရှီ မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိခဲ့ပြီးနောက် ဆယ်စုနှစ်တစ်စုကျော်အကြာတွင် ယခုကဲ့သို့ ထပ်မံလာရောက်ရန် စီစဉ်နေခြင်းဖြစ်သည်။ ၎င်း ၂၀၀၉ ခုနှစ် လာရောက်ပြီးနောက်ပိုင်း ယခုအခါ ပြောင်းလဲမှု အများအပြားဖြစ်ပေါ်နေခဲ့ပြီးဖြစ်သည်။

သမ္မတ ရှီ၏ ခရီးစဉ်ကို လာမည့် ဇန်နဝါရီ ၁၇ ရက်တွင် လာရောက်ရန် စီစဉ်ထားသည်ဟု သိရသည်။

တရုတ်အတွက် အရေးအပါဆုံးသော ဖွံ့ဖြိုးရေး ပရိုဂရမ်များဖြစ်သည့် အဓိက စီမံကိန်းများတွင် တိုးတက်မှု များ ဖြစ်ပေါ်ထားခဲ့သည်။ တရုတ်၏ BRI စီမံကိန်းအပေါ် ဗဟိုပြုသည့် နှစ်နိုင်ငံ ဆွေးနွေးမှုများ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်အပါအဝင် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်တို့မှာ အိန္ဒိယသမုဒ္ဒရာ ဆိုင်ရာ ပေကျင်းအစိုး ရ ၏ မဟာဗျူဟာကျ ပြတင်းပေါက်အဖြစ် ရှုမြင်ခြင်းခံထားရသည်။
  • ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းအပေါ် စီးပွားရေးပါရဂူ ဦးမြင့်၏ အမြင်
သို့သော် ပေကျင်းအစိုးရသည် ယင်းပရောဂျက်များကို အရှိန်တိုးမြှင့်ဖော်ဆောင်လိုသည့် လက္ခဏာရပ်များ လည်း ရှိနေခဲ့သည်။

တချိန်တည်းမှာပင် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က ရပ်ဆိုင်းထားသည့်အငြင်းပွားဖွယ် မြစ်ဆုံ ဆည်စီမံ ကိန်းအပါအဝင် နှစ်ဘက်အကြား ဆွေးနွေးသွားရဖွယ် ရှိနေသည့် အခြားသော တရုတ် ရင်းနှီး မြုပ်နှံမှု ပရောဂျက်များလည်း ရှိနေသည်။
  • မြန်မာ၏အနာဂတ် မျှော်မှန်းချက် သို့မဟုတ် စိုးရွံ့မှုများကို တရုတ် ခြယ်လှယ်နေပြီလား
ရခိုင် အကျပ်အတည်း ပေါ်ပေါက်ပြီးနောက်ပိုင်း မြန်မာအနေဖြင့် တရုတ်နဲ့ ပိုမို နီးကပ်စွာ ဆက်ဆံခဲ့သည်ဟု လေ့လာသူများက ပြောဆိုနေကြသည်။ အလားတူ အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံ အများစုက လည်း အဆိုပါ ပဋိပက္ခဖြစ်ပေါ်ရာ ရခိုင်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိသည်ဟုဆိုကာ စိုးရိမ်ပူပန် ကြောင်း ထုတ်ဖော်ထားခဲ့သည်။
 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */