TheVoiceWeekly Journal
ရန်ကုန်၊ ဇန်နဝါရီ ၄ထို့အတူ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးသည် မြန်မာတစ်နိုင်ငံလုံးအရေးဖြစ်သလို ရခိုင်အမျိုးသားများ၏ အရေးသည်လည်း မြန်မာတစ်မျိုးသားလုံး၏ အရေးဖြစ်ကြောင်း NLD ပါတီကဆိုသည်။
ယင်းအခြေအနေများကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းပဋိပက္ခချုပ်ငြိမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန် စိန်ခေါ်မှုများရှိနေကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါလွတ်လပ်ရေးနေ့ ကြေညာချက်ကို ဗဟန်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ပြုလုပ်ခဲ့သည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဒေါက်တာမျိုးညွန့်က ဖတ်ကြားခဲ့ပြီး ရန်ကုန်တိုင်းဒေ သကြီးဝန်ကြီး ဦးဖြိုးမင်းသိန်းက သဘာပတိမိန့်ခွန်းကို ဖတ်ကြားခဲ့သည်။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့အတွက် တိုင်ရင်းသားညီ ညွတ်ရေး ကိုရနိုင်ဖို့ တစ်ဖက်သက်ကနေ အားသွင်ခွန်စိုက်ကျိုးပန်းဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ အချိန်ကစပြီး ပြည်တွင်းစစ်နဲ့အတူ ဖွံဖြိုးတိုးတက်မှုတွေနောက်ကျခဲ့တယ်။
ကျွန်တော်တို့ အားလုံးမျှော်မှန်းတဲ့ ငြိမ်းချမ်းရေး ၊ ဒီမိုကရေစီအရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးကဏ္ဍတွေကတော့”ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။
နှစ်ပေါင်း (၇၀) ကျော်ကြာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခသည် မြန်မာနိုင်ငံ၏ ဘက်ပေါင်းစုံဖွံဖြိုးတိုး တက်ရေး အလားအလာကောင်းများကို အဟန့်အတားဖြစ်စေခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းအရေး မှာ လည်း အမြော်အမြင်ရှိရှိ အထူးအလေးအနက်ထား ဖြေရှင်းကြရမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ဆက် လက်ပြောကြားခဲ့သည်။
NLD ပါတီ၏ လွတ်လပ်ရေးနေ့ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားများနှင့် နယ်သာ လန် နိုင်ငံတွင် သွားရောက်ရင်ဆိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားများကို အဓိကထားဖော်ပြ ခဲ့သည်ကို တွေ့ရသည်။
ရခိုင်ပြည်နယ်မြောက်ဘူးသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌကို AA အဖွဲ့မှ ဒီဇင်ဘာ ၁၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သွားရောက်ရင်ဆိုင်နေသည့် ICJ ထောက်ခံပွဲလုပ်သည့်ဟုကာ ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက်တွင် သေဆုံးသွားခဲ့သည်။
ထို့အတူ NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုလည်း ဖမ်းဆီးထားသည်မှာ နှစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး သေသည်ရှင်သည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။
နှင်းနုဝင်း
လင့်၊http://thevoicemyanmar.com/news/38839-yak
No comments:
Post a Comment