ဗွီအိုအေ (မြန်မာဌာန)
23 နိုဝင်ဘာ၊ 2019
ျမန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာနဲ့ သိက္ခာ မပျက် နေရပ်ပြန်နိုင်အောင် ကုလသမဂ္ဂက ဦးဆောင် ကြိုးပမ်းပေးစေလိုကြောင်း ကုလသမဂ္ဂ ဆိုင်ရာ ဘင်္ဂ လားဒေ့ရှ် အမြဲတမ်း ကိုယ်စားလှယ် Masud Bin Momen က ပြောဆိုလိုက်ပါတယ်။
ဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှုရှိရှိ နေရပ်ပြန်နိုင်ရေးဟာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အဓိက ရည်ရွယ်ချက် ဖြစ်ပြီး ဒီအတွက် မြန်မာအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ပေမဲ့လို့ အလုပ်မဖြစ်တာကြောင့် ကုလသမဂ္ဂက ဦးဆောင်ပေးဖို့ လိုလားတာဖြစ်ကြောင်း အမြဲတမ်းကိုယ်စားလှယ် Momen က ဗွီအိုအေ ဘင်္ဂလားဌာနနဲ့ သီးခြား မေးမြန်းချိန်မှာ ပြောဆိုပါတယ်။
ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အကြိမ်ကြိမ် ဆွေးနွေးတာတွေ ရှိခဲ့ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင် တချို့နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုယ်တိုင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းက ဒုက္ခ သည်စခန်းတွေကို သွားရောက်တာတွေ ရှိခဲ့ပေမဲ့လို့ ဒီကိစ္စ တရားဝင် ဖိအားပေး ကိုင်တွယ်နိုင် မယ့် ဆုံးဖြတ်ချက်တရပ် ချမှတ်ဖို့ကိုတော့ လုံခြုံရေးကောင်စီက မလုပ်ဆောင် သေးဘူးလို့ မစ္စတာ Momen က ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည် အရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို ဖိအားပေးနိုင်ဖို့ ဆုံးဖြတ်ချက်တရပ် လုံခြုံရေး ကောင်စီ မှာ ချမှတ်နိုင်အောင် ဘင်္ဂလားဒေ့ရှ်က ကြိုးစားနေကြောင်းလည်း မစ္စတာ Momen က ပြောပါ တယ်။ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရသူတွေအရေးနဲ့ ပတ်သက်လာရင် မြန်မာဘက်က ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမဲ့၊ နိုင်ငံတွင်းကနေ ထွက်ပြေးခဲ့သူတွေ ဟုတ်မဟုတ် စိစစ်ပြီး ပြန်လည် လက်ခံ မယ်လို့ ပြောဆိုထားပါတယ်။
ဒီရိုဟင်ဂျာအရေးနဲ့ ပြီးတော့ပဲ ဂမ်ဘီယာနိုင်ငံကက ကုလသမဂ္ဂ အမြင့်ဆုံးတရားရုံး ဖြစ်တဲ့ ICJ နိုင်ငံတကာ တရား ရုံးမှာ အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စား မြန်မာအစိုးရကို သိပ်မကြာ ခင်ကပဲ တရားစွဲထားပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်ကိုမြန်မာအစိုးရ ဘက်က ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထားတာပါ။
မြန်မာအစိုးရကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပြီး ဒီအမှုကို ICJ တရားရုံးမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက်ပြီး ခုခံချေပမယ့်အကြောင်း သတင်းထုတ်ပြန်ထားပါ တယ်။

Link : Here
No comments:
Post a Comment