19 Jun, 2019
ဆောင်းဇာခြည်
နိရဉ္စရာ၊ ဇွန် ၁၉∕၂ဝ၁၉
“ ဘာကြောင့် ဝိုင်းထားတယ်ဆိုတာလည်း ကျွန်တော်တို့လည်း မသိပါဘူး။ တိုက်ပွဲလည်းဖြစ်နေတာမျိုး မဟုတ်ပါဘူး။ သူတို့ရွာထဲကို ဝင်ပြီးသူတို့လုပ်ချင်တာလုပ်လည်း ကျွန်တော်တို့ ခံရမှာပဲ။ အခုလည်း ရွာသူ၊ ရွာသားတွေက ထွက်လည်းမပြေးရဲကြဘူးဗျာ။ စစ်တပ်က ရွာထဲတော့ မဝင်သေးဘူး။ ရွာပြင်ကနေပြီးတော့ အဖွဲ့လိုက်စီ ဝိုင်းထားကြတာ ပါ”ဟု ရွှေကျင်ကျေးရွာမှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ယနေ့နံနက် ၁ဝ နာရီခန့်က နိရဉ္စရာသို့ ပြောသည်။
ယင်းတပ်မတော်သားများသည် ရွှေကျင်ကျေးရွာ၏ ရွာဦးဘက်၊ မြောက်ဘက်နှင့် တောင်ဘက်တို့တွင် အ ဖွဲ့လိုက်စီခွဲပြီး ဝိုင်းထားကြောင်း၊ အင်အား ၁ဝဝ ခန့်ရှိနိုင်ကြောင်း ၎င်းက ပြောဆိုသည်။
“ရွာသားကို ဝိုင်းထားတာမဟုတ်ဘူး။ အေအေ သူပုန်တွေကို ဝိုင်းထားတာ။ ရွာသားတွေ ကြောက်စရာ လည်း မလိုပါဘူး။ အေအေသောင်းကျန်းသူတွေက သူတို့ထဲမှာ ရှိတယ်ထင်လို့ ဝိုင်းထားတာပါ။ သူတို့ ကြောက်တယ်ဆိုရင်လည်း အေအေသူပုန်တွေနဲ့ အဲရွာသားတွေကိုယ်တိုင်က ဆက်သွယ်နေလို့ နေမှာပေါ့။ ရွာသားတွေကို အခြေခံပြီးတော့မှ အေအေကို ဝိုင်းထားတာလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ကျွန်တော် လည်း အသေချာမသိသေးဘူး အဲကိစ္စကို” ဟု နောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။
ဇွန်လ ၁၈ ရက်နေ့တွင်လည်း မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာနှင့် သာစည်ကျေးရွာအနီး တောင်ပေါ်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရွာသားအချို့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
Link : Here
No comments:
Post a Comment