Saturday, June 1, 2019

ရခိုင်အမျိုးသားပါတီ ဒုတိယအကြိမ်ညီလာခံမှ မူဝါဒေ ရးရာ ဦးဆောင်ကော်မတီ၊ ဥက္ကဋ္ဌနှင့် အလုပ်အမှု ဆောင် အဖွဲ့ဝင်များကို ရွေးချယ်တင်မြှောက်

နိရဉ္စရာ
နောင်ခိုင်အောင်
နိရဉ္စရာ၊ ဇွန်လ ၁


ရခိုင်အမျိုးသားပါတီ၏ ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီ၊ ပါတီဥက္ကဋ္ဌနှင့် အလုပ် အမှု ဆောင်အဖွဲ့ဝင်များကို ပါတီ ဒုတိယအကြိမ်ညီလာခံမှ ရွေးချယ်တင်မြှောက် ခဲ့သည်။

ဒုတိယအကြိမ်ပါတီညီလာခံ ဒုတိယနေ့တွင် ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီ ၉ ဦးကို ရွေး ချယ်ဖွဲ့စည်းခဲ့ရာ ၎င်းတို့မှာ ဦးဦးလှစော၊ ဒေါ်အေးနုစိန်၊ ဦးစံကျော်လှ၊ ဦးထွန်းအောင်ကျော်၊ ဦးဘရှိန်၊ ဦးဖေသန်းနှင့် ဒေါက်တာတင်အောင်၊ ဦးသာထွန်းလှနှင့် ဦးခိုင်ပြည်စိုးတို့ ဖြစ်သည်။

ပါတီဥက္ကဋ္ဌ အဖြစ် ဦးသာထွန်းလှ၊ ဒုဥက္ကဋ္ဌ (၁) အဖြစ် ဦးတင်ညို၊ ဒုဥက္ကဌ (၂) အဖြစ် ဦးမြင့်နိုင်နှင့် အတွင်းရေးမှူး အဖြစ် ဦးခိုင်ပြည်စိုး၊ ဦးအောင်မြကျော် တွဲဘက် အတွင်းရေးမှူး (၁)၊ ဦးနှင်းထွန်းတိုး တွဲဘက် အ တွင်းရေးမှူး (၂) တို့ကို ရွေးချယ် တင်မြှောက်ခဲ့သည်။

ဘဏ္ဍာရေးမှူး(၁) အဖြစ် ဒေါ်ခင်စောဝေ၊ ဘဏ္ဍာရေးမှူး(၂) ဦးသန်းနိုင်၊ စာရင်းစစ် (၁) အဖြစ် ဒေါ်ခင်လှမြိုင်၊ စာရင်းစစ် (၂) တို့ ဦးဝင်းဇော်တို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

၎င်းပြင် ဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂၅ ဦးကို ရွေးချယ် တင်မြောက်ခဲ့ကြသည်ဟုသိရသည်။

ရခိုင်အမျိုးသားပါတီ၏ ဒုတိယအကြိမ် ပါတီညီလာခံကို စစ်တွေမြို့ရှိ အာရီယန်ခန်းမ၌ မေလ ၃၀၊ ၃၁ ရက်နှင့် ဇွန်လ ၁ ကျင်းပ ပြုလုပ်ခဲ့သည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */