Tuesday, June 18, 2019

မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်

RFA
လွတ်လပ်တဲ့ အာရှအသံ 
2019-06-18
ရခိုင်ပြည်နယ်အတွင်းက တပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: STR / AFP 

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာအနီးမှာ ဒီနေ့မနက် ၈ နာရီလောက်ကစပြီး တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
ပစ်ခတ်သံတွေကို မနက် ၉ နာရီလောက်အထိ ကြားနေရဆဲဖြစ်ပြီး ကျေးရွာသားတွေက ဗုံးခိုကျင်းတွေ အပြင် အခြားနီးစပ်ရာကျေးရွာတွေ၊ စာသင်ကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ ရွာလူကြီးတစ်ဦးက RFA ကိုပြောပါတယ်။
အခုပစ်ခတ်မှုတွေဟာ ရွှေကျင်ကျေးရွာရဲ့အရှေ့ဘက် ၃ ဖာလုံခန့်အကွာ တောစပ်နေရာမှာဖြစ်နေတာဖြစ် တဲ့ အတွက် ကျေးရွာအတွင်း လက်နက်ကျည်တွေ ကျရောက်လာမှာကို စိုးရိမ်နေကြရတယ်လို့လည်း ရွာသားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၁၆ ရက်နေ့ကလည်း ရွှေကျင်ကျေးရွာနဲ့ ဒိုင်းသားကျေးရွာကြားတနေရာမှာ တပ်မတော်နဲ့ AA အဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒေသခံတွေရဲ့အဆိုအရ ဒီနေ့တိုက်ပွဲဖြစ်ပွားနေတဲ့ ရွှေကျင်ကျေးရွာအနီးမှာ တပ်မတော်ရဲ့ယာယီတပ်စခန်း တစ်ခုရှိပြီး ဒီနေ့တိုက်ပွဲက အဲဒီတပ်စခန်းရဲ့ ဘယ်လောက်အကွာမှာ ဖြစ်တယ်ဆိုတာကို မသိရသေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် ပြောခွင့်ရသူတွေကို RFA က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရ ရှိခဲ့ပါဘူး။

ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီနေ့တိုက်ပွဲဖြစ်ပွားတာ ဟုတ်မှန်ကြောင်းနဲ့ အသေး စိတ် မသိရသေးကြောင်း RFA ကို ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */