Thursday, May 23, 2019

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကနေဒါ ဒေါ်လာ သန်း ၁၀၀နီးပါး ကူမည်

VOA
23 မေ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ရိုဟင်ဂျာဒုက္ခသည်များ
 
ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက် ကနေဒါနိုင်ငံက ကနေဒါ ဒေါ်လာသန်း ၁၀၀ နီးပါးပေးမယ်လို့ ကြေညာခဲ့ပါတယ်။ အားလုံးအတွက် သာယာ ဝပြောတဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့ ထောက်ပံ့ကူညီတာဖြစ်တယ်လို့ နိုင်ငံတကာဖွံ့ဖြိုး မှုဆိုင်ရာ ကနေဒါလွှတ်တော်အမတ် Kamal Khera က ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazar မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို ဗုဒ္ဓဟူးနေ့က သွားရောက်ခဲ့တဲ့ လွှတ် တော် အမတ် Khera ကဒုက္ခသည်တွေ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် ကနေဒါမိတ် ဖက်တွေရဲ့ ကူညီထောက်ပံ့မှုတွေက ဘယ်လောက်ထိရောက်သလဲဆိုတာ မြင်ရတဲ့အတွက် စိတ်ကြည်နူး ရတယ်လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။

ကနေဒါအစိုးရက ထောက်ပံ့မယ့် သန်း ၁၀၀ ထဲက ၃၂ သန်းကျော်ကို မုတ်သုံရာသီဒဏ်နဲ့ ဆိုင်ကလုန်း ဒဏ်ကာကွယ်ရေး၊ ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေတိုးတက်ရေး၊ လိင်ကွဲပြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေ ကာကွယ်တားဆီးရေးအပြင်၊ ကျန်းမာရေးနဲ့ မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက် မှုတွေအတွက် အသုံးပြုမယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒေါ်လာ ၆၇ သန်းကျော်ကိုတော့ ကျန်းမာရေးနဲ့ အခြေခံပညာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ တိုးချဲ့ဖို့၊ လိင် ကွဲပြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုပြဿနာ ကိုင်တွယ်ဖြေရှင်းဖို့၊ အမျိုးသမီးတွေ ဝင်ငွေရမယ့် အခွင့် အလမ်းတွေ ရှိလာအောင် အသက်မွေးဝမ်းကျောင်းပညာတွေသင်ပေးတာ၊ အရင်းအမြစ်တွေ ပိုရှိအောင် လုပ်ပေးတာတွေအတွက် အသုံးပြုမှာဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့မြန်မာ အစိုး ရကတော့ ဘင်္ဂလားဒေ့ရှ် ဖက်ရောက်နေတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောကြားထားပါတယ်။ 


Link :Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */