Saturday, March 23, 2019

မောင်တော၌ ကျပ်သိန်း သုံးသောင်းလေးထောင် ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

မြန်မာတိုင်းမ်
ကျော်ကြီး | မြန်မာတိုင်းမ်နေ့စဉ်
23 Mar 2019

                                       အေးမင်းအောင်နှင့်သက်သေပစ္စည်းများ


ဓာတ်ပုံ -မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အင်းဒင်စစ်ဆေးရေး ဂိတ်၌ ကျပ်သိန်းသုံးသောင်းလေးထောင်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်း ဆည်းရမိကြောင်း မူး ယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က မတ် ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၆)မောင်တောမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မတ် ၂၀ ရက်၊ ညနေ ၄ နာရီခွဲခန့်က အင်းဒင်စစ်ဆေးရေးဂိတ်၌ ရှာဖွေစစ်ဆေးရေး လုပ်ငန်းများဆောင် ရွက်နေစဉ် အငူမော်ဘက်မှ မောင်တောဘက်သို့ အေးမင်းအောင်မောင်းနှင်လာသည့် Toyota Gaia အမျိုး အစား ယာဉ်တစ်စီးကို တားဆီးစစ်ဆေးခဲ့သည်။

ယင်းသို့စစ်ဆေးရာ ယာဉ်ပေါ်ရှိလက်ဆွဲအိတ် ၉ အိတ်အတွင်းမှငွေကျပ် ၃၄၉၀၅ သိန်းခန့်တန်ဖိုးရှိ စိတ်ကြွ ဆေးပြား ၁၇ သိန်းပြားကျော် သိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် အင်းဒင်နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများဆိုင် ရာ ဥပဒေဖြင့်အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */