Sunday, February 3, 2019

မြန်မာ့အရေးကို EU ကူညီဖို့ ICG အဖွဲ့တိုက်တွန်း

RFA
Radio Free Asia
2019.02.02
ICG အဖွဲ့က ထုတ်ပြန်ထားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာ့ ၁၀ နိုင်ငံကို တွေ့ရစဉ်

မြန်မာနိုင်ငံက ပဋိပက္ခတွေ ပြေလည်ရေးနဲ့ ငြိမ်းချမ်းရေးရဖို့အတွက် EU ဥရောပသမဂ္ဂက ကြားဝင် ဆောင် ရွက်နေတာတွေကို ဆက်လက်ပံ့ပိုးကူညီဖို့ ICG ခေါ် နိုင်ငံတကာပဋိပက္ခ လေ့လာစောင့် ကြည့်ရေး အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ICG အဖွဲ့ကထုတ်ပြန်လိုက်တဲ့ ၂၀၁၉ ခုနှစ် ကြိုတင်သတိပေးချက် အစီရင်ခံစာဖြစ်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင် နေ ရ တဲ့ ကမ္ဘာ့ ၁၀ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံ ပါဝင်နေတယ်လို့ ဖေါ်ပြထားပါတယ်။
 
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာပြဿနာ မဖြေရှင်းနိုင်သေးတာ၊ ရခိုင်ခေါင်းဆောင်တွေ ဖမ်းဆီးထားတဲ့အတွက် နေပြည် တော်အစိုးရနဲ့ ရခိုင်ပြည်သူတွေကြား တင်းမာနေတာ၊ AA ရက္ခိုင့်တပ်မတော်နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာ၊ ရှမ်း ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ စစ်ရေးလှုပ်ရှားမှုတွေ ၄ လရပ်ထားမယ်လို့ မြန်မာ့ တပ်မတော်က ကြေညာထားပေမယ့် လက်နက်ကိုင် တိုင်းရင်းသားအချင်းချင်း တိုက်ပွဲတွေဖြစ်နေတာ၊ မူးယစ်ဆေးထုတ်လုပ်နေတာ၊ လူမှောင်ခိုကူးမှုတွေဖြစ်နေတာကို ICG အဖွဲ့က ထောက်ပြထားပါတယ်။

ဒါကြောင့် EU ဥရောပသမဂ္ဂရော အဖွဲ့ဝင်နိုင်ငံတွေက၊ အဲဒီလိုရှုပ်ထွေးတဲ့ ပဋိပက္ခတွေ ဖြေရှင်းရေးမှာ ကူညီနိုင်လိမ့်မယ်လို့ ICG အဖွဲ့က ပြောဆိုထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */