Sunday, February 3, 2019

တပ်မတော်ရဲ့ အပစ်ရပ်ကြေညာချက်ကို အမျိုး သားရေး လှုပ်ရှားသူတွေ ထောက်ခံပွဲကျင်းပ

RFA
2019.02.03
ရန်ကုန်မြို့တော် မဟာဗန္ဓုလပန်းခြံရှေ့မှာ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြုလုပ်တဲ့ တပ်မတော် ထောက်ခံပွဲကို တွေ့ရစဉ်

တပ်မတော်ရဲ့ လေးလကြာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ကြေညာချက်ကို ကြိုဆိုပြီး ငြိမ်းချမ်းရေး အတွက် အတူတကွပူးပေါင်းပါဝင်ဖို့ တောင်းဆိုဆန္ဒပြပွဲကို ဦးဝီရသူ အပါအဝင် အမျိုးသားရေးတပ်ပေါင်း စု(ရန်ကုန်)က ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

ထောင်နဲ့ချီတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေဟာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ကနေ ရန်ကုန်မြို့တော်ခန်းမရှေ့ က မဟာဗန္ဓုလပန်းခြံရှေ့အထိ လမ်းလျှောက်တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ဖို့၊ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးရရှိဖို့၊ ပြည်တွင်းစစ် ပပျောက်ဖို့၊ တိုင်းပြည်အေးချမ်းတည်ငြိမ်လုံခြုံဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

တပ်မတော်ရဲ့သမိုင်းမှာ အပစ်ရပ်စဲကြောင်း ကြေညာတာ ဒါပထမဆုံးဖြစ်တာကြောင့် ဒီလိုအချိန်မှာ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်မတော်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးလှဆွေက တိုက်တွန်းဟောပြောခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။
Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */