Friday, January 18, 2019

လူ့အခွင့်အရေးချိုးဖောက်မှု HRW နှစ်ပတ်လည် အစီရင်ခံစာ

                                                           HRW အဖွဲ့မှ ထုတ်ပြန်သည့် နှစ်ပတ်လည်အစီရင်ခံစာ။

 မြန်မာအစိုးရဟာ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်အတွင်း ရိုဟင်ဂျာမွတ်စလင်တွေ အပါအဝင် လူနည်းစုတိုင်း ရင်းသား aတွ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောလိုက်ပါတယ်။ ကမ္ဘာတလွှားက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး HRW အဖွဲ့က စာမျက်နှာ ၆၇ဝ ကျော်ပါတဲ့ ၂ဝ၁၉ ခုနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာကို ဒီနေ့ ထုတ်ပြန်လိုက်တာပါ။

မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ မယုံနိုင်လောက်အောင် ရက်စက်တဲ့လုပ်ရပ်တွေ  ကျူးလွန်ခဲ့တဲ့ အ ထောက် အထားတွေ ရှိတယ်လို့ HRW အာရှရေးရာညွှန်ကြားရေးမှူး  Brad Adams က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရဟာ စစ်တပ်ရဲ့ ရက်စက်တဲ့လုပ်ရပ်တွေကို အရေးယူမယ့်အစား၊ တချိန်က NLD ပါတီက ခံယူခဲ့တဲ့ "လွတ်လပ်မှုနဲ့ တရားမျှတမှုစံနှုန်း" တွေကို သွေဖယ်ပြီး- စစ်တပ်က ငြင်းဆန်တာ ကိုပဲ လက်ခံထားတယ်လို့လည်း ပြောပါတယ်။

NLD အစိုးရလက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်တွေကို ပိုပြီးချုပ် ကိုင် လာတဲ့အတွက် ဒီမိုကရေစီနယ်ပယ် ကျဉ်းမြောင်း ဆုတ်ယုတ်လာတယ်လို့လည်း အစီရင်ခံစာမှာ ဖော် ပြထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */