Friday, January 18, 2019

AA သောင်းကျန်းသူအဖွဲ့၏ ယာယီစခန်း တစ်ခုကို တပ်မတော်က သိမ်းပိုက်ရရှိ

နေပြည်တော် ဇန်နဝါရီ ၁၇

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာ၏ အရှေ့တောင်ဘက်မီတာ ၅၀၀၀ ခန့်အကွာရှိ AA သောင်းကျန်းသူအဖွဲ့၏ ယာယီစခန်းတစ်ခုကို ယမန်နေ့ နံနက်ပိုင်းက တပ်မတော်စစ်ကြောင်းက တိုက် ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းတစ်ကြောင်းက AA သောင်းကျန်းသူအဖွဲ့မှ အင်အား ၅၀ ခန့် ယာယီအခြေပြု နေ သည့်စခန်းတစ်ခုကို တွေ့ရှိရသဖြင့် ထိတွေ့တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ ထိုသို့ ထိတွေ့ တိုက်ခိုက်ရာ တွင် တပ်မတော်စစ်ကြောင်းဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ AA သောင်းကျန်းသူ အဖွဲ့မှ အလောင်း ငါး လောင်း၊ အမ်(၂၂) သေ နတ်တစ်လက်၊ အမ်(၁၄)သေနတ်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ၊တစ်ယောက် ပစ် ကျင်း ၅၀ ၊ နှစ်ယောက် ပစ်ကျင်းငါးကျင်းတို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ တပ်မတော် အနေဖြင့် နယ်မြေ ဒေ သတည်ငြိမ်အေးချမ်းရေးနှင့် နယ် မြေ လုံခြုံရေးအတွက် AA သောင်းကျန်းသူ နှိမ်နင်းရေးကို ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက်အရ သိရှိ ရသည်။

သတင်းစဉ်

Ref: MOI Webportal Myanmar
 
Link : Here  (FB)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */