Friday, January 25, 2019

မြန်မာ့တပ်မတော်မှ စစ်သားတစ်ဦး ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံ

Rohingya Today 
January 25, 2019 

        နယ်ခြားစောင့်ရဲ ဝတ်စုံ ဝတ်ဆင်ထားသော်လည်း မြန်မာ့တပ်မတော် တပ်ရင်း ၂၈၇ မှဟု ထွက်ဆိုသော အောင်ဘိုသင်း (ဓါတ်ပုံ - Teknaf Today)
 
မြန်မာ့တပ်မတော်မှ စစ်သားတစ်ဦးကို ဘင်္ဂ္လားဒေ့ရှ်နိုင်ငံမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦးက ဘန်ဒါဘန် ခရိုင်၊ နာခိုင်ဆူရီ ရှိ လမ်ဘာချ်ဟရီ နယ်စပ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း Teknaf Today ၏ သတင်း တစ်ရပ်တွင် ဘင်္ဂါ လီဘာသာဖြင့် ဇန်နဝါရီလ (၂၄) ရက်နေ့က ရေးသားခဲ့သည်။

ဇန်နဝါရီလ (၂၄) ရက်နေ့ နေ့လည်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုင်နက်တွင်းရှိ တောင်တန်းဒေသတွင် သွားနေသည့် မြန်မာစစ်သား ကို ဒေသခံများက ဖမ်းဆီး၍ ဘီဂျူခိုက်ရာ နယ်ခြားစောင့်တပ် စခန်းသို့ အပ်နှံခဲ့ခြင်း ဖြစ်သည်။ဖမ်းဆီးခံရသည့် စစ်သား၏ အမည်မှာ အောင်ဘိုသင်း ဖြစ်ပြီး၊ ၎င်း၏ နေအိမ်မှာ ရန်ကုန်မြို့တွင် ရှိသည်ဟု Teknaf Today ၏ သတင်းတွင် ဖော်ပြထားသည်။

၎င်းအား စစ်ဆေးမေးမြန်းစဉ် နယ်ခြားစောင့်ရဲ ဝတ်စုံဝတ်ဆင်ထားသော်လည်း မြန်မာ့တပ်မတော် တပ်ရင်း ၂၈၇ မှ စစ်သားတစ်ဦး ဖြစ်သည်ဟု ထွက်ဆိုသည်။၎င်းသည် နာခိုင်ဆူရီ၊ လမ်ဘာချ်ဟရီ နယ်စပ် အနီးရှိ ဗန္ဓုလ ကင်းစခန်းတွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်ဟု ဆိုသည်။ လွန်ခဲ့သည့် နှစ်ရက်ခန့်က ကင်းစ ခန်းမှ ထွက်ပြေး၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး၊ ကြာသပတေးနေ့ (ဇန်နဝါရီလ ၂၄ ရက်) တွင် ဖမ်းဆီးခံခဲ့ရသည်။

၎င်းအား နာခိုင်ဆူရီ ရှိ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တပ်ရင်း (၁၁) သို့ ခေါ်ဆောင်လာပြီး စစ်ဆေး ခဲ့သည်။

ကော့ဇ်ဘဇား နယ်မြေမှ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဘရေဇီးဒ်ခန်း က ဖမ်းဆီးထိန်းသိမ်းထားသူမှာ မြန်မာ့ တပ်မ တော်မှ စစ်သား ဖြစ်သည်ဟု ထွက်ဆိုကြောင်း အတည်ပြု ပြောဆိုခဲ့သည်။ အောင်ဘိုသင်း သည် ၎င်းလုပ်ကိုင်ရvသည့် အလုပ်ကို မကြိုက်နှစ်သက်တော့၍ ဗန္ဓုလ ကင်းစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့သည်ဟု ထွက်ဆိုသည်ဟု ၎င်းက ပြောပါသည်။

နှစ်နိုင်ငံ နယ်စပ်များတွင် နယ်ခြားစောင့်တပ်များသာ ထားရှိရမည်ဟု သဘောတူညီမှုများ ရှိသောကြောင့် မြန်မာ့တပ်မတော်က ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ စစ်သားများကို နယ်ခြားစောင့်ရဲ ဝတ်စုံများ ပြောင်းလဲ ဝတ်ဆင်ခိုင်းပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် တာဝန်ချထားခဲ့သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */