Saturday, January 12, 2019

ရခိုင်အမျိုးသားအင်အားစု ဖွဲ့စည်းဖို့ ဆုံးဖြတ်

RFA
လွတ်လပ်တဲ့အာရှအသံ 
2019.01.12
                                             ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုဌာနချုပ်မှာ ၂၀၁၉၊ ဇန်နဝါရီ ၁၂ ရက်နေ့က ဆွေးနွေးပွဲ ကျင်းပစဉ်

ရခိုင် နိုင်ငံရေးပါတီတွေနဲ့ ရခိုင် လူမှုအသင်းအဖွဲ့အစည်းတွေ အားလုံးပါဝင်မယ့် ရခိုင်အမျိုးသား ညီညွတ် ရေးကော်မတီ တစ်ရပ်ကို ဖွဲ့စည်းပြီး ရခိုင်တိုင်းရင်းသားတွေရဲ့ အရေးကိစ္စကို တညီတညွတ်တည်း ဖြစ် အောင် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ရခိုင်အမျိုးသားပါတီ(ANP) ဗဟိုဌာနချုပ်မှာ ဒီနေ့ပြုလုပ်တဲ့ ဆွေးနွေ ပွဲကနေ ဆုံးဖြတ်လိုက်ကြပါတယ်။
အဲဒီကော်မတီမှာ ပြည်တွင်း၊ ပြည်ပ ရခိုင်တိုင်းရင်းသားတွေနဲ့ ရခိုင်မျိုးနွယ်စုတွေ အားလုံး ကျယ်ကျယ်ပြန့် ပြန့် ပါဝင်လာနိုင်ရေးအတွက်ကိုလည်း ကြိုးပမ်းဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။ရခိုင်နဲ့ ရခိုင် မျိုး နွယ်စု ဝင်တွေ လက်ရှိကြုံတွေ့နေကြရတဲ့ အကျပ်အတည်းတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ရည်ရွယ်ချက်နဲ့ ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုဝင်တွေကို ကိုယ်စားပြုတဲ့နိုင်ငံရေးပါတီတွေ၊ ရခိုင်လူမှုအသင်းအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ ပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုကို ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုဌာနချုပ်မှာ ဒီနေ့ ပြုလုပ်ခဲ့ကြတာပါ။

ဒီဆွေးနွေးပွဲမှာ နိုင်ငံတော် သမ္မတရုံး ဦးဇော်ဌေးရဲ့ပြောဆိုချက်တွေဟာ ရခိုင်တိုင်းရင်းသားတွေအပေါ် ခြိမ်းခြောက်ပြောဆိုရာ ရောက်တဲ့အတွက် တက်ရောက်လာသူတွေက ကန့်ကွက်ဆွေးနွေးခဲ့ကြသလို အား လုံး တညီတညွတ်တည်း ကန့်ကွက်နိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ အခြား နိုင်ငံရေးပါတီ တချို့နဲ့ ရခိုင်လူမှုအသင်းအဖွဲ့အစည်းတွေက လူပေါင်း ၁၀၀ ကျော်လောက် တက်ရောက်ဆွေးနွေး ခဲ့ကြ တာပါ။

လက်ရှိအခြေအနေအရ ရခိုင်ပြည်နယ်အတွင်း စစ်ပွဲတွေဟာ ကြာရှည်မယ့်လက္ခဏာတွေ တွေ့နေရတဲ့ အတွက် စစ်ဘေးဒုက္ခသည်တွေရဲ့ လတ်တလောအခြေအနေနဲ့ ရှေရှည်အရေးကိစ္စတွေကို ကူညီနိုင်ရေး ကော်မတီတွေဖွဲ့ပြီး စနစ်တကျ ဆောင်ရွက်သွားဖို့ကိုလည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */