Saturday, January 12, 2019

No Man's Land အနီး မြန်မာအစိုးရက တံတား ဆောက်လုပ်နေခြင်းသည် ရိုဟင်ဂျာ ဒုက္ခသည် စခန်း ရေကြီးမှု အန္တရာယ် ကြုံရန် တမင် ကြံ ရွယ် ခြင်းဖြစ်

Rohingya Today
  
 တောင်ပြိုချောင်းတွင် ဆောက်လုပ်နေသည့် တံတား

မောင်တော ။ ။
မြန်မာနိုင်ငံနှင့် ဘင်္ဂ္လားဒေ့ရှ်နိုင်ငံ နယ်စပ်မျဉ်းအနီးရှိ တောင်ပြိုချောင်းတွင် မြန်မာအာဏာပိုင် များက တံတားဆောက်လုပ်နေခြင်းသည် No Man's Land ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း ရေကြီးမှု အန္တရာယ် ကြုံတွေ့ရန်အတွက် တမင်ကြံရွယ်နေခြင်း ဖြစ်သည်ဟု ရိုဟင်ဂျာဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် အ နီးရှိ ဘင်္ဂလားဒေ့ရှ်ရွာသားများက ဝေဖန်သုံးသပ်နေကြသည်။



မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ခြံ စည်းရိုး အနီးရှိ တောင်ပြိုချောင်းတွင် မြန်မာအာဏာပိုင်များက တံ တားဆောက်လုပ်လျက်ရှိပြီး၊ ယင်းတံ တား တွင် တိုင်များစွာ အသုံးပြုထားသည်။ လာမည့် မိုးရာသီ တွင် ရေလျှံမှုကြောင့် No Man's Land ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း ရေနစ်မြုပ်ပြီး ပျောက်သွားနိုင်သည်ဟု ဘင်္ဂ လားဒေ့ရှ်ဘက်ခြမ်းရှိ ဒေသခံများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရိုဟင်ဂျာဒုက္ခသည်များက သုံးသပ်နေကြသည်။

 တောင်ပြိုချောင်းတွင် ဆောက်လုပ်နေသည့် တံတားကြောင့် မိုးရာသီတွင် ရေလျှံမှု ဖြစ်ပေါ်လာပါက No Man's Land ရှိ ရိုဟင်ဂျာဒုက္ခသည် ငါးထောင်ကျော်အပြင် အနီးအနားရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ် သောင်း ခန့် ရေဘေး ကြုံတွေ့ရမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Dhaka Tribune သတင်းတွင် ရေးသားဖော်ပြ ထားသည်။

နယ်စပ်မျဉ်းအနီးတွင် နေထိုင်ကြသည့် ရိုဟင်ဂျာဒုက္ခသည်များနှင့် ဒေသခံဘင်္ဂလားဒေ့ရှ် နိုင်ငံ သားများက တောင်ပြိုတူးမြောင်းချောင်းတွင် ကောင်းမွန်သည့် လမ်းမရှိဘဲ ရေလျှံလာရန် ရည်ရွယ်ချက်ဖြင့် တံတား ဆောက်လုပ်နေခြင်းမှာ No Man's Land မှ ရိုဟင်ဂျာဒုက္ခသည်များကို ဖယ်ရှားရန် ပရိယာယ်သစ် သုံးနေ ခြင်း ဖြစ်သည်ဟု ဆိုသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းကြားရှိ No Man's Land တွင် ရိုဟင်ဂျာဒုက္ခသည် ငါးထောင်ကျော် ခိုလှုံလျက်ရှိရာ၎င်းတို့ကို ယင်းနေရာမှ ဖယ်ရှား ရန်အတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခဲ့သည်။ သေနတ်ဖြင့် ပစ်ခတ်မှု ကြောင့် သေဆုံးမှု၊ ဒဏ်ရာရမှုများလည်း ရှိခဲ့သည်။

“ကျွန်တော်တို့က တောင်ပြိုဘက်ကနေ ဒီနေရာမှာ လာခို လံှုနေတာ။ တောင်ပြိုဒေသခံတွေဆိုတော့ အခု ဆောက်နေတဲ့ တံတားက လိုတယ် မလိုဘူးဆိုတာ ကျွန်တော်တို့ အသိဆုံးပဲ။ တံတားမှာ တိုင်တွေများတော့ ရေလျှံလာမယ်၊ အဲဒီရေတွေနဲ့ ကျွန်တော်တို့ ဒုက္ခသည်စခန်း မြုပ်သွားမယ်။ အန္တရာယ်တော်တော်ကြီးတယ်။ အကုန်သေသွားနိုင်တယ်။ ကျွန်တော်တို့ ရိုဟင်ဂျာတွေတင် မဟုတ်ဘူး။ ဒီနားက ဒေသခံဘင်္ဂါလီတွေပါ ဒုက္ခ ရောက်မယ်။ လူတွေက အရမ်းကို စိုးရိမ်နေကြတယ်။ မြန်မာအစိုးရရဲ့ မကောင်းတဲ့ ကြံစည်မှုဆိုတာ အထင်း သားမြင်နေရတယ်။” ဟု No Man's Land တွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်များ၏ ခေါင်းဆောင် ဦးဒိလ်မိုဟာမတ် က Rohingya Today သို့ပြောပါသည်။

တောင်ပြိုချောင်းတွင် တံတားဆောက်လုပ်နေခြင်းနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဌာန သို့ ကော့ဇ်ဘဇားခရိုင် ဒုတိယကော်မရှင်နာ မိုဟာမတ်ကမာလ်ဟူစိန်းက တင်ပြထားကြောင်း Dhaka Tribune ၏ သတင်းတွင် ရေးသားထားသည်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */