လွတ်လပ်တဲ့အာရှအသံ
2019.01.15
ISP ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုမင်းဇင် ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်ကို Confederate ကိုယ်ပိုင် အချုပ်အခြာ အာဏာရှိတဲ့အဆင့်ထိ ရလိုကြောင်း AA စစ်ဦးစီးချုပ် ပြောကြားခဲ့တာဟာ လက်တွေ့နဲ့ကင်းကွာပြီး ဒီအချက်ကို နိုင်ငံရေးဦးတည်ချက်အနေနဲ့ ဖော်ဆောင်မယ် ဆို ရင် ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ အလွန်များလာမှာ ဖြစ်သလို ရခိုင်ပြည်သူတွေ အထိအခိုက်များလာ မယ် လို့ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့ လာရေး အင်စတီကျု ISP ရဲ့အမှုဆောင် ဒါရိုက်တာ ကိုမင်းဇင်ကပြောပါ တယ်။ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်ကို “ဝ”ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေ သလို အာဏာခွဲ ဝေမှုမြင့်မားတဲ့ Confederate အခြေအနေကို ပိုသဘောကျတယ်လို့ ဧရာဝတီ သတင်းဌာနမှာ ဖြေကြားခဲ့ တာ ဖြစ်ပါတယ်။
ရခိုင်ဒေသစစ်ပွဲတွေနဲ့ AA စစ်ဦးစီးချုပ် ပြောကြားချက်နဲ့ ပတ်သက်လို့ ဒီကနေ့ ရန်ကုန်မြို့ Pan Pacific ဟိုတယ်မှာ ကျင်းပတဲ့ ISP Peace Desk ဝက်ဆိုဒ် မိတ်ဆက်ပွဲ အခမ်းအနားမှာ သုတေသနအမြင်အရ ဘယ်လိုမြင်ပါသလဲလို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ ဦးမင်းဇင်က အခုလိုပြောလိုက် တာဖြစ် ပါတယ်။ ISP အနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိအစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အ စည်းတွေအကြား ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်တွေ၊ ငြိမ်းချမ်းလုပ်ငန်းစဉ်မှာ အစိုးရရဲ့ လုပ်ဆောင် မှု အခြေအနေ၊ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ပြည်တွင်းငြိမ်းချမ်းရေး အပေါ်အမြင်တွေ စတဲ့အချက်တွေကို ဆွေးနွေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ကျောင်းတောင်၊ ခထီးလှ၊ ငမြင်း ဘော် ၊ ဂုတ်ပီ စတဲ့ နယ်ခြားစောင့်ရဲစခန်း ၄ ခုကို AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
လက်ရှိအချိန် မှာ ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၅ ထောင်နီးပါး ရှိလာသလို ဘူးသီး တောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မောင်တောမြို့နယ်တို့ကိုလည်း ခရီးသွားလာခွင့် ကန့် သတ်ထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

Link : Here
No comments:
Post a Comment