Tuesday, January 15, 2019

ပြင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး အပါ အဝင် နှစ် ဦးကို ပုဒ်မ ၁၇ (၁)(၂) နဲ့ အမှုဖွင့်

RFA 
လွတ်လပ်တဲ့အာရှအသံ 
2019.01.15 

                                            ၂၀၁၉၊ ဇန်နဝါရီ ၁၄ ရက်နေ့က ပြန်လည်လွတ်မြောက်လာသူ ၁၃ ဦးနဲ့ ဒေသခံတွေကို တွေ့ရစဉ်

 ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ပြင်ချောင်း ကျေး ရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်နဲ့ အဲဒီရွာသား ဦးမောင်ကျော်ဝင်းကို မတရား အသင်းဆက်သွယ် မှု ပုဒ်မ-၁၇(၁)(၂) နဲ့ ဘူးသီးတောင်မြို့နယ်တရားရုံးမှာ ဒီနေ့အမှုဖွင့် လိုက်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က ဖမ်းဆီးထိန်းသိမ်း ထား တဲ့ လူ ၁၅ ဦးအထဲက ၁၃ ဦးကို မနေ့က ည ၇ နာရီလောက်မှာ ပြန်လွှတ်ပေး လိုက်ပြီး ကျန် ၂ ဦးကို ဒီနေ့ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

အလားတူ ဘူးသီးတောင်မြို့နယ်အတွင်းက ကားလမ်းမအနီးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က ပေါက်ကွဲ မှုဖြစ် ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဖမ်းဆီးထားတဲ့ သရက်ပြင်ကျေးရွာသားတစ်ဦးကိုလည်း မတရားအသင်း ဆက်သွယ်မှု ပုဒ်မ-၁၇(၁)(၂)နဲ့ အမှုဖွင့်လိုက်ပြီး ဘူးသီးတောင်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

မနေ့ကပြန်လည်လွတ်မြောက်လာသူ ၁၃ ဦးကို မေးမြန်းကြည့်ချက်အရ ရက္ခိုင့်တပ်မတော် AA နဲ့ ပတ် သက်မှု ရှိ၊ မရှိ နဲ့ စားနပ်ရိက္ခာတွေပို့ဆောင်ပေးတာ ရှိ၊ မရှိ စတာတွေကို အဓိကစစ်ဆေးခံခဲ့ရတာဖြစ်တယ် လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကပြောပါတယ်။

မနေ့ကပြန်လည်လွတ်မြောက်လာသူ ၁၃ ဦးဟာ ပြင်ချောင်းကျေးရွာသား ၇ ဦး၊ ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာက ၂ ဦး၊ နေပူခံကျေးရွာက ၁ ဦးနဲ့ လမ်းသွားလမ်းလာ ၃ ဦးတို့ဖြစ်ကြပါတယ်။

ဒီအတွင်း ရသေ့တောင်မြို့နယ် ကြိမ်သာကျေးရွာအနီးမှာ မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း တပ်မ aတာ် က ခေါ်ယူသွားတဲ့ ရွာခံ နှစ်ဦးဟာ ဒီနေ့ညနေပိုင်းအချိန်အထိ အိမ်ပြန်မရောက်သေးသလို သူတို့ရဲ့ လက်ကိုင်ဖုန်း ကိုလည်း ပိတ်ထားတယ်လို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */