မဇျ္စိမ
February 16, 2025
ပုံအညွှန်း- အင်းစိန်အကျဉ်းထောင်အား Google mapမှ တွေ့မြင်ရစဉ်။
ဖီးလ်နစ်
မဇ္စျိမ။ ။ အင်းစိန်ထောင်တွင်ထိန်းသိမ်းထားသည့် ကလေးငယ်နှင့်အမျိုးသမီးများအပါအဝင် လွတ် ရက်စေ့ ရိုဟင်ဂျာ၉၃၆ဦးအား စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များက ခရီးသယ်တင်ကားဖြင့် ယနေ့(ဖေ ဖော်ဝါရီလ၁၆)ရက်)နံနက်ပိုင်းတွင်ခေါ်ထုတ်သွားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။
ယနေ့ နံနက် ၆နာရီမှစ၍ ခေါ်ထုတ်သွားခြင်းဖြစ်ပြီး ရိုဟင်ဂျာ၉၃၆ဦးတွင် အမျိုးသား ၅၀၀ကျော်ပါဝင်သည်ဟု PPNM ဦးဆောင်ကော်မတီဝင်ကိုသိုက်ထွန်းဦးကပြောသည်။
” သူတို့နောက်ကနေ လိုက်စုံစမ်းပေးမယ့် မိသားစုဝင်တွေလည်းရှိမနေတော့ သူတို့ သတင်းတွေထပ်ရဖို့အခက်အခဲရှိတယ်။ ဒါအပြင် စစ်ကောင်စီက စစ်ရေးရှုံးနိမ့်နေချိန် လူအင်အားဖြည့်ဖို့ အသုံးပြုမယ့်အခြေအနေရင်ဆိုင်နေရတယ်။ အင်မတန်စိုးရိမ်စရာကောင်းတဲ့အခြေအနေဖြစ်တယ်” ဟု ကိုသိုက်ထွန်းဦးကပြောသည်။
စစ်ကောင်စီလက်အောက်ခံလဝကဝန်ထမ်း၅၀ ကျော်က အဆိုပါ ရိုဟင်ဂျာ၉၃၆ဦးအား ယမန်နေ့က အကျဉ်းထောင်အတွင်းလာရောက်၍ အထောက်အထားကဒ်များ ပြုလုပ်ပေးခဲ့ပြီး ယနေ့ခေါ်ဆောင်သွားခြင်းဟု ဆိုသည်။အထောက်အထားကဒ်သည် မည်သည့်အမျိုးအစားဖြစ်သည်ကိုမူ ဆက်လက်အတည်ပြုနိုင်ရန် ကြိုးစားလျက်ရှိသည်ဟု အသိပေးထားသည်။
ရိုဟင်ဂျာ၉၃၆ဦးသည် အင်းစိန်အကျဉ်းထောင်မှသာ မဟုတ်ဘဲ ပြီးခဲ့သည့်ရက်များအတွင်း အခြား အကျဉ်းထောင်များမှ လာရောက်ပို့ဆောင်ခံထားရသူများလည်းပါဝင်သည်ဟု ဆိုသည်။
PPNM မှ ရရှိခဲ့သည့် အချက်အလက်များအရ လွတ်ရက်စေ့ကာလ ကြာမြင့်သည့်တိုင်အောင် မလွှတ်ပေးခဲ့သည့်အပြင် အချို့ရိုဟင်ဂျာများမှာ တနှစ်ခွဲကျော်သည်အထိ အကျဉ်းထောင်တွင်း ထပ်မံချုပ်နှောင်ခံခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။
ကနဦးရရှိထားသည့် သတင်းများအရ အဆိုပါ ရိုဟင်ဂျာများအား ရှေ့တန်းသို့ ပို့ဆောင်ရန်ခေါ်ထုတ်သွားခြင်းဖြစ်ကြောင်း သိရှိထားရပြီး နောက်ဆက်တွဲ အခြေအနေများအား ဆက်လက်စောင့်ကြည့်သွားရန်အထူးလိုအပ်ကြောင်း PPNMကတိုက်တွန်းထားသည်။ ယခု သတင်းအတွက် စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် အင်းစိန်အကျဉ်းထောင်အား ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ်မရရှိသေးပေ။
စာတည်း – အေးချမ်း

Link : Here
No comments:
Post a Comment