ဗွီအိုအေ (မြန်မာဌာန)
07 မတ်၊ 2019
07 မတ်၊ 2019
၂၀၁၉ ခုနှစ် နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်စာရင်းဝင် နော်ကညောဖောနဲ့ Razia Sultana။
အမေရိကန် နိုင်ငံခြားရေးဌာနက ချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆုကို မြန် မာနိုင်ငံ တိုင်းရင်းသူ နော်ကညောဖောနဲ့ မြန်မာနိုင်ငံမှာ မွေးဖွားတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံသူ Razia Sultana တို့က နိုင်ငံတကာ အမျိုးသမီး ကျန် ၈ ဦးနဲ့ အတူ လက်ခံရရှိကြမှာ ဖြစ်ပါတယ်။
နော်ကညောဖောဟာ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး ကရင်အမျိုးသမီးအဖွဲ့ KWO ရဲ့အထွေ ထွေ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။ စစ်ရေး ပဋိပက္ခတွေအတွင်း အမျိုးသမီးတွေလိင်ပိုင်းဆိုင်ရာအစော် ကားခံရတာ ခွဲခြားဆက်ဆံခံရတာတွေကို ကိုယ်ကျိုးမငဲ့ဘဲ မှတ်တမ်းပြုစုရာမှာ တက်တက်ကြွကြွ လုပ် ဆောင်ခဲ့သူ တဦးဖြစ်ပါတယ်။
Razia Sultana ကတော့ ရခိုင်ပြည်နယ် မောင်းတောမြို့မှာ ရိုဟင်ဂျာမိဘ ၂ ပါးက မွေးဖွားခဲ့ပြီး သူမတို့ လူ့ အဖွဲ့အစည်းရဲ့ လူ့အခွင့်အရေးအတွက် လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ချ်နိုင်ငံသား တဦးအနေနဲ့ ရှေ့နေ၊ ကျောင်းဆရာ၊ လူ့အခွင့်အရေးလှုပ်ရှားသူ အဖြစ် အစဉ်တဆက် ဆောင်ရွက်နေသူ လည်း ဖြစ်ပါတယ်။
၂၀၁၆ ကစလို့ ဘင်္ဂလားဒေ့ချ်က ရာချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို တွေ့ဆုံမေးမြန်းပြီး Witness to Horror ၊ Rape by Command စတဲ့ အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ပါတယ်။
ဝါရှင်တန် မြို့တော် အမေရိကန် နိုင်ငံခြားရေးရုံးမှာ မတ်လ ၇ ရက်နေ့ ဒီကနေ့ ပြုလုပ်မဲ့ ဆုချီးမြှင့်တဲ့ အခမ်း အနားကို နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo လက်ခံကျင်းပမှာ ဖြစ်ပြီး သမ္မတကတော် Melania Trump တက်ရောက် အမှာ စကားပြောကြားမှာ ဖြစ်ပါတယ်။
ဒီဆုကို မြန်မာ နိုင်ငံသူ မဇင်မာအောင်က၂၀၁၂၊ မမေစံပယ်ဖြူက ၂၀၁၅ မှာ အသီးသီးရရှိခဲ့ကြပါတယ်။

Link : Here
No comments:
Post a Comment