VOM
ဇန်နဝါရီ ၄-၂၀၂၁ကိုအောင်(VOM)ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေမှာ ဒီကနေ့မနက်အစောပိုင်းက ရခိုင်ပြည်နယ်ကနေ ဝင် ရောက် လာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၇ ဦးကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။
ရခိုင်ပြည်နယ်ဘက်ကနေ ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ သူတို့ကို စက်လှေနဲ့လိုက်ပို့ပေးတဲ့ လူ ၅ ဦး စုစုပေါင်း ၁၂ ဦးကို ကျောက်မောင်နှမကမ်းခြေနဲ့ ရေမိုင် ၁ မိုင်အကွာ ပင် လယ် ပြင်မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့လူတွေကို ချောင်းသာနယ်မြေရဲစခန်းမှာထားပြီး အထက်ကို ဆက်လက်တင်ပြထားကာ အစား စာ တွေနဲ့ အဝတ်အစားတွေကို ထောက်ပံ့ပေးထားသလို လိုက်ပို့တဲ့ စစ်တွေက အမျိုးသား ၅ ဦးကိုလည်း တည်ဆဲ ဥပဒေတွေအရ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ချောင်းသာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ ကပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်က အထောက်အထားမဲ့ ဝင်လာသူတွေနဲ့ လိုက်ပို့သူ ၁၂ ဦးကို ကိုဗစ် ရောဂါ ပိုး ရှိ၊မရှိ စစ်ဆေးသွားမှာဖြစ်ပြီး ဥပဒေအရဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
Link : Here
No comments:
Post a Comment