RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.12.01

၁၀၂၇ စစ်ဆင်ရေး တစ်လကျော်ကာလအတွင်း ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်းနဲ့ ကုန်းကြမ်း စတဲ့ မြို့နယ်ငါးခုအပြင် မြို့တချို့နဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေဖြစ်တဲ့ ချင်းရွှေဟော်၊ မုံးကိုး၊ ပန် ဆိုင်းနဲ့ ကျင်းစန်းကျော့ဂိတ်တွေကို သိမ်းထားနိုင်ပြီလို့ မြောက်ပိုင်းသုံးဖွဲ့က ၃၅ ရက်ကြာ စစ်ရေး အ ခြေအနေကို ထုတ်ပြန်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကနေ စစ်ရေးပစ်မှတ်တွေကို မနားတမ်း ထိုးစစ်ဆင်တိုက်ခိုက်နေ တာ ကြောင့် စစ်ကောင်စီရဲ့ စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းနိုင်ခဲ့တယ်လို့ နိုဝင်ဘာလ ၃၀ ရက်နေ့ ထုတ် ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲ့ဒီနေ့အထိ ကိုးကန့်ဒေသအတွင်း စစ်ကောင်စီတပ်စခန်း ၁၈၆ ခုကို ကျော်ကို သိမ်းနိုင်ခဲ့ပြီးပြီလို့ ဆို ပါတယ်။ သူတို့သိမ်းပိုက်ထားပြီးဖြစ်တဲ့ မြို့နယ်ငါးခုမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊ တရားစီရင် ရေး လုပ်ငန်းတွေ အလုံးစုံ ပျက်သွားပြီလို့ ကိုးကန့်အဖွဲ့က ပြောပါတယ်။
ရှမ်းမြောက်ဒေသလွတ်မြောက်ရေးအတွက် လားရှိုးနဲ့ ကျောက်မဲမြို့တိုက်ပွဲတွေက အဓိကကျလိမ့် မယ် လို့ စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“အခု ရှမ်းမြောက်ဒေသလွတ်မြောက်ရေးအတွက် အရေးကြီးတဲ့မြို့ သုံး၊ လေးမြို့ရှိသေးတယ်။ လားရှိုး မှာက လေယာဉ်ကွင်းရှိပြီးတော့ အဲ့ဒီလေယာဉ်ကွင်းကို အသုံးချနိုင်သေးတဲ့အတွက် အဲ့ဒီ လားရှိုးကိုအင် အား ဖြည့်တင်းတာ လုပ်နိုင်တယ်။ နောက်တစ်ခုက ကျောက်မဲပေါ့။ ကျောက်မဲက ဂုတ်တွင်းက တက်လာ တဲ့ မဟာဗျူဟာစခန်းရှိတဲ့ကျောက်မဲမြို့ကိုသိမ်းဖို့တိုက်ပွဲကတော်တော်လေး တော့ ပြင်းထန်သည်းသန်လိမ့်မယ်အခုလောလောဆယ်ကျွန်တော်ကြည့်တာတော့အရင်ဆုံးမူဆယ် တစ်မြို့လုံးကို သိမ်းပိုက်နိုင်အောင် ကြိုးပမ်းလိမ့်မယ်လို့ ထင်ပါတယ်။ မူဆယ်ကစစ်ရေး အင်အား ကြီးကြီးမားမား မရှိပါဘူး။ နမ့်ခမ်းမြို့ကလည်း သိမ်းလို့ရပြီလို့ ပြောရမှာပါ။ စစ်ရေး အင်အားကြီး ကြီးမား ရှိတာ လားရှိုးပါ။ လားရှိုးကို လေကြောင်းအရ ထောက်ပံ့မှုလည်း ပေးနိုင်တဲ့အတွက် လား ရှိုးတိုက်ပွဲဟာ အရှေ့မြောက် လွတ်မြောက်ဒေသ ဖန်တီးရေးအတွက် နောက်ဆုံး ပစ်ကွင်းဖြစ် လိမ့် မယ်လို့ ထင်ပါတယ်။ လားရှိုးမတိုင်ခင် အသည်းအသန်တိုက်ရမဲ့နေရာဟာ ကျောက်မဲ ဖြစ်ပါတယ်။”
မြောက်ပိုင်းသုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ၊ တာရှင့်ကျိုင်နဲ့ တိုက်ကြာကျိုင် နေရာကြားက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ပြီး လက်နက်ခဲ ယမ်းတွေ သိမ်းဆည်း မိသလို နိုဝင်ဘာလ (၂၉) ရက်နေ့က အဲ့ဒီဒေသမှာရှိတဲ့ နယ်စပ်မှတ်တိုင် BP - ၁၂၆ မှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားအရေအတွက် အတိအကျကို မသိရသေးပေမဲ့ ရာနဲ့ချီ ရှိပြီ လို့လည်း ကိုးကန့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက RFA ကို နိုဝင်ဘာလ ၂၉ ရက်နေ့က ပြော ထားပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့ကစလို့ တစ်နိုင်ငံလုံး စစ်ဆင်ရေးစတင်ပြီလို့ ကြေညာထားပါတယ်။ မြောက်ပိုင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) ဟာ ရှမ်းမြောက် တိုက် ပွဲတွေမှာ ပါဝင်နေပေမယ့် စစ်အင်အားအများစုဟာ ရခိုင်မှာသာရှိနေတဲ့အတွက် ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် တော်တော်များများကိုလည်း AA က သိမ်းယူနိုင်တဲ့ အခြေအနေရှိတယ်လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်းက ပေါက်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်းနဲ့မင်းပြားမြို့တွေမှာတိုက် ပွဲ တွေပြင်းထန်နေပြီး ဒေသခံတွေက တိုက်ပွဲမရှိတဲ့ တခြားနေရာတွေကို ထွက်ပြေး တိမ်းရှောင် နေရ ပါ တယ်။
ရခိုင်စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က တယ်လီဂရမ် ကနေ တစ် ဆင့် ဆက်သွယ်မေးမြန်းပေမယ့် တစ်စုံတစ်ရာ အကြောင်းပြန်တာမရှိပါဘူး။
ပြည်သူ့ပန်းတိုင်အဖွဲ့က CDM အရာရှိ ကိုနောင်ရိုးက လက်ရှိမှာ စစ်ကောင်စီတပ်ဟာ စစ်ရေး အောင် ပွဲ ဖန်တီးနိုင်စွမ်းမရှိတော့ပေမယ့် ဒီအခွင့်အရေးကို တော်လှန်ရေးအင်အားစုတွေက ညီညီညွတ်ညွတ် အသုံးချနိုင်ဖို့က အရေးကြီးတယ်လို့ သုံးသပ်ပါတယ်။
“စစ်ကောင်စီတပ်ကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာကော၊ စစ်ပန်းမှုတွေကော၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကော အထွေထွေစစ်ရေး ချိနဲ့မှုတွေကတော့ အမြင့်မားဆုံးကိုရောက်သွားပြီ။ ဒီနှစ်ပိုင်းအတွင်းသာ ဖိ အားဆက်ပေးနိုင်ရင် လာမယ့်ပွင့်လင်းရာသီတွေမှာ ဆက်တိုက်ဖိအားပေးနိုင်ရင် နားထောင် ကြည့် တဲ့ အသံတွေ၊ စကားပြောကြည့်တဲ့အသံတွေအရ ပြိုမယ့်အနေအထားကိုရောက်ပြီလို့ ပြော လို့ရတယ်။ စစ်ရေးရဲ့အောင်ပွဲ ဖန်တီးနိုင်စွမ်းက စစ်ကောင်စီတပ်မှာ မရှိတော့ဘူး။ တော်လှန်ရေး အင်အားစုတွေမှာပဲ ရှိတယ်လို့ ကျွန်တော်တို့ နားလည်တော့တယ်။ လာမယ့် ခြောက်လအတွင်းမှာ စစ်ရေးအောင်ပွဲ စစ်ရေးအသာရမှုဟာ တော်လှန်ရေးအင်အားစုလက်ထဲမှာသာ ရှိတယ်။ သို့သော် လည်း ဒီတော်လှန်ရေး အင်အားစုတွေက ဒီအခွင့်အရေးကို ဘယ်လောက်ထိ ဖမ်းဆုတ်နိုင်မလဲ။ ဘယ်လောက်ထိ ညီညီညွတ်ညွတ်သွားနိုင်မလဲဆိုတာ အများကြီး အကြောင်းတရားရှိမှာပေါ့။ တော်လှန်ရေး အင်အားစုတွေမှာလည်း အသီးသီးရပ်တည်ချက်တွေ၊ အကျိုးစီးပွားတွေရှိတယ်ဆို တော့ ဘယ်လောက်ထိ ဟန်ချက်ညီညီ သွားနိုင်မလဲဆိုတာတော့ ကျွန်တော်တို့ မပြောတက်ဘူး။”
၁၀၂၇ စစ်ဆင်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး မြောက်ပိုင်းအဖွဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။
ဆက်နွယ်သောသတင်းများ
- ရှမ်းမြောက်စစ်ဆင်ရေးအတွင်း ပြည်ပဒရုန်းပညာရှင်တွေပါဝင်နေကြောင်း စစ်ကောင်စီစွပ်စွဲ
- တရုတ်တိုက်တွန်းတဲ့ အပစ်ရပ်ဆွေးနွေးရေး ဖြစ်နိုင်ခြေနည်း
- စစ်ကောင်စီတပ်ရင်းတစ်ရင်းလုံး MNDAA ထံ လက်နက်ချအဖမ်းခံ
- ကွမ်းလုံကို အပြီးသတ်သိမ်းလိုက်ပြီလို့ ကိုးကန့်တပ်မတော် (MNDAA) ထုတ်ပြန်
- (၁၁၁၁) စစ်ဆင်ရေးကြေညာပြီး စစ်တပ်စခန်း ခုနစ်ခုကို ကရင်နီပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းယူ
ဖတ်ရှုသူအများဆုံး သတင်းများ။
- နိုဝင်ဘာ ၂၇ ရက်နေ့မှာ တစ်နိုင်ငံလုံး စစ်ဆင်ရေး စမယ်လို့ မြောက်ပိုင်းသုံးဖွဲ့ ကြေညာ
- ဆန္ဒပြပွဲလုပ်ခဲ့တဲ့ မြောက်ဒဂုံ (၄၀) ဈေးက လမ်းဘေးဆိုင်အားလုံး ဖျက်ဆီးခံရ
- မြန်မာစစ်တပ်ကျူးလွန်မှုတွေကို မစုံစမ်းဖို့ ဂျာမနီ ရှေ့နေချုပ်ဆုံးဖြတ်
- ငြိမ်းချမ်းရေးအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမြတ်ထုတ်နေကြောင်း စစ်ခေါင်းဆောင် စွပ်စွဲ
- လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ငါးဦးနဲ့ မိသားစုဝင်တွေကို IEC အရေးယူ
ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
- လောက်ကိုင်ကနေ အရပ်သားထောင်နဲ့ချီ နေရပ်ပြန်နေတယ်လို့ ကူညီသူတွေပြော
- နွေဦးတော်လှန်ရေး တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာရသူများ
- မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည်တွေ တရုတ်က မီးခိုးဗုံးသုံးပြီး နှင်ထုတ်
- ထိုင်းက ပြန်နှင်ထုတ်တဲ့ မြန်မာဒုက္ခသည်တွေ နယ်စပ်မှာ သောင်တင်နေ
- ရန်ကုန်မှာ လူငါးဆယ်နီးပါး အဖမ်းခံထားရ
Link : Here
No comments:
Post a Comment