" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 18, 2019

ICJ အမှု ရင်ဆိုင်ခဲ့သည့် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ကို ထောက်ခံကြောင်း အရေးကြီးအဆို ရှမ်းပြည်နယ်လွှတ် တော်တွင် ရှုံးနိမ့်

DVB
17 December 2019
ခွန်ရာဇာ
အိုင်စီဂျေ တရားရုံးမှာ အမှုသွားရောက်ဖြေရှင်းခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့အဖွဲ့ကို ထောက်ခံကြောင်း ရှမ်းပြည်နယ်လွှတ်တော်မှာ အရေးကြီးအဆိုတင်ရာမှာ ကန့်ကွက်သူ များလို့ ရှုံးနိမ့်သွားပါတယ်။
ဒီဇင်ဘာ ၁၇ ရက် ရှမ်းပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည် နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်း တင်သွင်းတဲ့ အရေးကြီးအဆိုကို ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၂ ဦးက ထောက်ခံဆွေးနွေးပြီး ရှမ်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ စဝ်အောင်မြတ်နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁ ဦးက ကန့်ကွက်ဆွေးနွေးတဲ့အတွက် လွှတ်တော်မှာ မဲခွဲဆုံးဖြတ် ခဲ့တာပါ။လွှတ် တော်ကို တက်ရောက်လာတဲ့ ကိုယ်စားလှယ် ၁၂၉ ဦးရှိတဲ့အနက် ထောက်ခံမဲ ၂၈ မဲ၊ ကြားနေမဲ ၃၁ မဲ၊ ကန့်ကွက်မဲ ၆၈ မဲနဲ့ မဲမပေးသူ ၂ ဦးရှိတဲ့အတွက် အရေးကြီးအဆို ရှုံးနိမ့်ခဲ့ပါတယ်။

အိုင်စီဂျေတရားရုံးမှာ အမှုသွားရောက်ရင်ဆိုင်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ကိုယ် စားလှယ်အဖွဲ့ကို အားပေးထောက်ခံတဲ့ လူထုထောက်ခံပွဲကို ဒီဇင်ဘာ ၁၀ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပခဲ့ပေမယ့် ရှမ်းပြည်နယ် လွှတ်တော်က မထောက်ခံဘဲ ကန့်ကွက်ခဲ့တာ ဖြစ်ပါ တယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */