" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, June 6, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ရောဂါကုဖို့ ဆေးနဲ့ အထောက်အပံ့တွေ လိုအပ်နေ

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
06 ဇွန်၊ 2020
ကုတုပလောင် ဒုက္ခသည်စခန်းတွင်း ဈေးဝယ်နေကြသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (မေ ၁၅၊ ၂၀၂၀)
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ လာမယ့်သီတင်းပတ်တွေနဲ့ လတွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြီး ဖြစ်ပွားခဲ့မယ်ဆိုရင် ရောဂါကုသဖို့အတွက် ဝန်ထမ်းတွေနဲ့ ဆေးပစ္စည်း အထောက် အပံ့တွေ လိုအပ်လာနိုင်တယ်လို့ ဒုက္ခသည်စခန်းမှာ အကူအညီပေးနေတဲ့ လူသားချင်းစာနာမှု အ ကူအညီပေးရေး အဖွဲ့တွေက ပြောလိုက်ပါတယ်။ အဲဒီ လိုအပ်တဲ့ အထောက်အပံ့တွေ မရဘူးဆိုရင်တော့ သူ တို့အနေနဲ့လည်း ရောဂါကူးစက်မှု ပြင်းထန်ပြီး အသက်ရှင်ဖို့အတွက် ကုသမှုလုပ်ဖို့ လိုတဲ့လူကို ရွေးချယ်ပြီး ခွဲတမ်းနဲ့ ကုသဖို့ ဆုံးဖြတ်သွားရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းက Cox’s Bazaar ဒေသမှာ စုစုပေါင်း လူဦးရေ ၃ သန်းကျော်ရှိပြီး အဲဒီက ဒုက္ခ သည် စခန်းတွေမှာ ရိုဟင်ဂျာဒုက္ခသည် ၈၆၀,၀၀၀ လောက်ရှိတယ်လို့ ကုလသမဂ္ဂနဲ့ လူသားစာနာမှု အကူအညီပေး အဖွဲ့တွေက ပြောထားပါတယ်။


SEE ALSO:
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ပေးဖို့ ဒုက္ခသည်တွေတောင်းဆို


သောကြာနေ့ကအထိ စာရင်းတွေအရတော့ အဲဒီ ဒုက္ခသည်စခန်း တွေမှာ COVID-19 ရောဂါပိုး ကူးစက်ခံ ထားရသူ ၂၉ ယောက်ရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ ယောက် ရှိတယ်လို့ အတည်ပြုထားပါတယ်။

ကျန်းမာရေးအဖွဲ့တွေကတော့ ဒုက္ခသည်စခန်းတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ တိုးလာမယ့် အခြေအနေ အ တွက် ပြင်ဆင်ထားပြီး ဒီဒုက္ခသည်စခန်းတွေဟာ ဗိုင်းရပ်စ်ကူးစက်မှုတွေဖြစ်ဖို့ အကောင်းဆုံးအနေအထား ဖြစ်နေတယ်လို့ Save the Children အဖွဲ့က Athena Rayburn က ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးတွေအတွင်း အဲဒီမှာရှိတဲ့ ရိုဟင်ဂျာ မွတ် စလင် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ရိုဟင် ဂျာဆိုတဲ့ အသုံးအနှုန်းကို အခုချိန်ထိ အသိအမှတ်ပြုမထားပါဘူး။
 

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */