Friday, February 1, 2019

ရိုက်တာ သတင်းထောက်အမှု ပြင်ဆင်မှု အယူ ခံတင်

RFA 
လွတ်လပ်တဲ့အာရှအသံ
February 01, 2019
                                         ရိုက်တာ သတင်းထောက် နှစ်ဦးကို ၂၀၁၈၊ သြဂုတ်လ ၂၇ ရက်နေ့က အင်းစိန်တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်

  ထောင် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးရဲ့အမှုကို ရန်ကုန်တိုင်း တရားလွှတ်တော် မှာ တင်ပြခဲ့တဲ့ အယူခံကို ပလပ်လိုက်တာကြောင့် နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ဒီကနေ့ ပြင်ဆင်မှု တင်လိုက်ပါတယ်။


လုပ်ထုံးလုပ်နည်းအရ တရားဥပဒေဘောင်အတွင်း လျှောက်လဲချက်တွေ ထပ်မံတင်ပြနိုင်ဖို့ အခုလိုလုပ်တာ လို့ ရိုက်တာ သတင်းထောက်တွေ လွတ်မြောက်ရေးအတွက် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

ပြင်ဆင်မှု တင်သွင်းလွှာကို ဒီကနေ့မနက်က တင်လိုက်တာဖြစ်ပြီး လက်ခံ၊ မခံဆိုတာကို နောက်တစ်ပတ် လောက် မှာ သိနိုင်မယ်လို့လည်း ဦးသန်းဇော်အောင်က ပြောပါတယ်။

ရိုက်တာ သတင်းထောက်တွေကို ထောင်ချောက်ဆင်ဖမ်းဆီးခဲ့တာဖြစ်ကြောင်း တရားခွင်မှာ ပြောဆိုခဲ့ တာကြောင့် ရဲစည်းကမ်းဥပဒေနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရတဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ဟာ အင်းစိန် အကျဉ်းထောင်ကနေ ဒီနေ့မှာ ပြန်လည်လွတ်မြောက်လာပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။
 
 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */