" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 5, 2023

စစ်ကောင်စီ၏ ပြန်လက်ခံရေးအစီစဉ် ရိုဟင်ဂျာကိုယ်စား လှယ် အဖွဲ့ လာရောက်လေ့လာ

ဧရာဝတီ
5 May 2023 

မောင်တောမြို့နယ်အတွင်းသို့ လာရောက်လေ့လာကြသည့် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်ကိုယ်စားလှယ်အဖွဲ့ 


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း စစ်ကောင်စီ စီစဉ်ထားသည့် ဒုက္ခသည် ပြန်လည်လက်ခံရေး ပြင်ဆင် ထားမှုအပေါ် ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်ကိုယ်စားလှယ်အဖွဲ့ ယနေ့ လာရောက် လေ့လာကြည့် ရှု့ သည်။

အဆိုပါ အဖွဲ့တွင် ဒုက္ခသည်ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေးကော်မရှင်နာရုံး (Refugee, Relief and Repatriation Commissioner- RRRC) မှ တာဝန်ရှိသူများ ဦးဆောင်ကာ မွတ်စလင်ဒုက္ခသည်ကိုယ်စား လှယ် အဖွဲ့ဝင်၂၀ ဦး အပြင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ အရာရှိအပါအဝင် တာဝန်ရှိသူ ၇ဦ လိုက်ပါ လာခဲ့ ကြောင်းလည်း မောင်တောခရိုင် ရှိဌာနဆိုင်ရာ ဝန်ထမ်းတဦးက ဆိုသည်။

၎င်းက “ဘင်္ဂလားဒေ့ရှ်ဘက်ကနေလာတဲ့ ဒီဘက်ကို လာလေ့လာတဲ့ Go to See အဖွဲ့ပေါ့။ သူတို့အဖွဲ့မှာ အားလုံး လူ ၂၀ ကျော် လောက်ပါတယ်။ အခု မောင်တောမြို့အနီးမှာရှိတဲ့ မွတ်စလင်ရွာတွေနဲ့ ပြန်လည်လက်ခံရေးစခန်း တွေကို သွားကြည့်နေကြတယ်။ ခရီးစဉ်ကတော့ နေ့ချင်းပြန်မလား၊ တညအိပ်မလား ဆိုတာတော့ ကျနော်တို့ လည်း သေချာ မသိရဘူး” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မနက် ၉ နာရီကျော်အချိန်တွင် ဘင်္ဂလားဒေ့ရှ်န်ိုင်ငံ၊ တက္ကနဖ် ဆိပ်ကမ်း မှ အမြန်ယာဉ်ဖြင့် လာရောက်ခဲ့ပြီး၊ နေ့လယ်ပိုင်းတွင် မောင်တောမြို့ ကညှင်ချောင်းဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ ကြောင်း၊ ယင်းအဖွဲ့ကို ပြည်နယ်ကောင်စီဝင် လူမှုရေးဝန်ကြီး ဦးအောင်မျိုးက သွားရောက်ကြိုဆိုကာ ပြန်လည် လက်ခံ ရေး စခန်း များ ဖြစ်သည့် လှဖိုးခေါင်ကြားစခန်း၊ ငခူရနှင့် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းများ သို့ သွားရောက်ပြသ ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းမှ မွတ်စလင်တဦးက “မောင်တောကို သွားရောက်တဲ့ ကိုယ်စား လှယ်အဖွဲ့က စခန်းမှာ အများဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ထားတဲ့သူတွေ မဟုတ်ဘူး။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင် တွေ က သူတို့နဲ့ ရင်းနှီးတဲ့လူတွေကိုပဲ ခေါ်သွားတာ။ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ စစ်ကောင်စီတို့ ဘယ်လို သဘောတူ ထား တယ်ဆိုတာလည်း ကျနော်တို့ မသိရဘူး။ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကျနော်တို့ အခြေအနေကို စောင့် ကြည့်ရ မယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ပြန်လည် လက်ခံမည့်နေရာများတွင် ဈေး၊ ဆေးရုံစသည့် အဆောက်အအုံများ ပါဝင်ကြောင်း ဘင်္ဂလား ဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mizanur Rahman က AFP သတင်းဌာနသို့ ပြောဆိုထားသည်။

ယခုကဲ့သို့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များအား နေရာပြန်လည်ချထားပေးရေး အစီအစဉ်မှာ တရုတ်နိုင်ငံခြား ရေးဝန်ကြီး၏ မြန်မာပြည် ခရီးစဉ်အပြီးနှင့်လည်း တိုက်ဆိုင်နေပြီး၊ ယင်းခရီးစဉ်တွင် နိုင်ငံခြားရေးဝန်ကြီး ချင် ကန်းက တရုတ်နိုင်ငံအနေဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး ကောင်းမွန်စေရန် ဆောင်ရွက်မှု၊ မြန်မာ-ဘင်္ဂ လားဒေ့ရှ် လက်တွေ့ကျသော ပူးပေါင်းမှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်သွားစေလိုကြောင်း စစ်ခေါင်းဆောင်အား တိုက်တွန်းခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးအောင်မျိုး၊ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး ဦးဆောင် သည့် အဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၁၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ပြီး တက္ကနဖ်မြို့ရှိ မွတ်စလင် ဒုက္ခသည် များနှင့် သွားရောက်တွေ့ဆုံခဲ့ကာ စာရင်းကောက်ယူထားသည့် ဒုက္ခသည် ၁၀၀၀ ကျော်အားရှေးပြေးအ နေ ဖြင့် ပြန် လည် လက်ခံရန် နှစ်နိုင်ငံသဘောတူညီမှု ရရှိခဲ့သည်။

NLD အစိုးရလက်ထက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မွတ်စလင်ဒုက္ခသည်များကို ပြန်လည်လက်ခံရန် ကြိုး ပမ်း ခဲ့ပြီး ကနဦး ရှေ့ပြေးအနေဖြင့် လူဦးရေ ၁၀၀၀ အား လက်ခံရန်ဆောင်ရွက်ခဲ့သော်လည်း တရားဝင် တဦး တယောက်မှ ပြန်လည် ဝင်ရောက်လာခဲ့ခြင်း မရှိခဲ့ပေ။

မောင်တောမြို့နယ်အတွင်းသို့ လာရောက်လေ့လာကြသည့် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်ကိုယ်စားလှယ်အဖွဲ့
 
စစ်ကောင်စီသည် လတ်တလောအခြေနေတွင် တဖက်နိုင်ငံရောက် မွတ်စလင်ဒုက္ခသည်များကို ပြန်လည်လက်ခံ ရန် တဖန်ကြိုးပမ်းလာခဲ့ရာ ရှေ့ပြေးအနေဖြင့် အဆိုပါ စိစစ်ထားခဲ့သည် လူဦးရေ ၁၀၀၀ အား ပြန်လည်လက်ခံ ရန် စီစဉ် လာခြင်း ဖြစ်ကြောင်းလည်း သိရသည်။

စစ်ကောင်စီက စေတနာအမှန်ဖြင့် ပြန်လည်ခေါ်ယူခြင်းဖြစ်ပါက ပြန်လည်နေရာချထားမည့် အစီအစဉ်များအား ပွင့် လင်းမြင်သာစွာချပြရန် လိုအပ်သလို ၎င်းတို့အား မူလနေရာတွင် ပြန်လည် နေရာချထားပေးရန်၊ နိုင်ငံသား အခွင့် အရေးအပြည့်အဝပေးရန်နှင့် လုံခြုံရေး အာမခံချက်ပေးနိုင်မှ ပြန်လည် ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရောက် မွတ်စလင်ဒုက္ခသည်များက တောင်းဆိုထားကြသည်။

ပြန်လည်လက်ခံရေးစခန်းများကို လာရောက်ကြည့်ရှုသည့်ကိုယ်စားလှယ်အဖွဲ့ မောင်တောမြို့နယ်အတွင်းသို့ ရောက်ရှိ နေသည့် ကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်း တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးသလို ခရီးစဉ် အ တွင်း ဓာတ်ပုံရိုက်ခြင်းနှင့် သတင်းမီဒီယာများကိုလည်း လိုက်ပါခွင့်တို့ကိုလည်းမပြုကြောင်း မောင်တောမြို့နယ် ရှိ သတင်း မီဒီယာအသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်များအား ပြန်လည်လက်ခံရန် ကြိုးပမ်းနေခြင်းမှာ နိုင်ငံတကာတွင်ပုံရိပ် ကောင်းလာရန် ဟန်ပြလုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ ပြန်ကြားရေး တာဝန်ခံ ဦး ခိုင် သုခက ဖေဖော်ဝါရီလ၂၇ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စစ်ကောင်စီသည် နိုင်ငံတကာ စာမျက်နှာတွင် ပုံရိပ်ကောင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မွတ်လင်ဒုက္ခ သည်များ ကို ပြန်လည် လက်ခံရန် ကြိုးစားနေပြီး ပြီးခဲ့သော မတ်လ ၈ ရက်ကလည်း တရုတ်သံအမတ်၊ အိန္ဒိယ သံအမတ် နှင့် ဘင်္ဂလားဒေ့ရှ်သံအမတ်တို့ကို မောင်တောမြို့နယ်သို့ ခေါ်ယူပြီး ပြန်လည် လက်ခံရေး စခန်းများသို့ လိုက်လံ ပြသခဲ့ ကြောင်း သိရသည်။

ယင်းပြင် ဖေဖော်ဝါရီလ ၆ ရက်ကလည်း စစ်ကောင်စီခန့် ဝန်ကြီးများ ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရေး ဝန်ကြီးဌာနဝန်ကြီး ဦးကိုကိုလှိုင်၊ နယ်စပ်ရေးရာ ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်လူကယ် ပြန်ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဝန်ကြီး ဦးမြင့်ကြိုင် တို့သည် မောင် တောမြို့ နယ်အတွင်းသို့ သွားရောက် ခဲ့ပြီး ဒုက္ခသည် ပြန်လည်လက်ခံရေး ကိစ္စရပ်များအား ဌာနဆိုင်ရာများနှင့် တွေ့ဆုံ ခဲ့သည်။

စစ်ကောင်စီသည် တဖက်နိုင်ငံရောက်မွတ်စလင်များအား ပြန်လည် လက်ခံရန် အားထုတ်နေခြင်းမှာ နယ်သာလန် နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ တင်ပြနိုင်ရေးအတွက် မောင်တော အရေးအခင်း ကာလ အတွင်းက အဖြစ်အပျက်များနှင့်ပတ်သက်ပြီး အချက်အလက် ရှာဖွေစုဆောင်ခြင်း ဖြစ်သလို၊ တဖက်တွင် လည်း ဒုက္ခသည်များ ပြန်လည်လက်ခံရန် ကြိုးစား လုပ်ဆောင်နေသည်ဆိုသည့် ကိစ္စရပ်များကို နိုင်ငံတကာအား ချပြန်ရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း မွတ်စလင်အရေး လှုပ်ရှားသူများက သုံးသပ်ပြောဆိုကြသည်။

ပြီးခဲ့သော၂၀၁၇ ခုနှစ် မောင်တောအရေးအခင်းကာလတွင် ARSA အဖွဲ့က နယ်ခြားစောင့် ရဲစခန်းများကို ဝင် ရောက် တိုက်ခိုက်ပြီးနောက် စစ်တပ်၏ နယ်မြေ ရှင်းလင်းမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေး တိမ်းရှောင် ရောက်ရှိသွားသည့် မွတ်စလင် ကျေးရွာသားအရေအတွက်မှာ သိန်းနှင့်ချီရှိကြောင်း နိုင်ငံတကာ အဖွဲ့ အစည်းများ၏ ဖော်ပြချက်များအရ သိရသည်။

You may also like these stories:

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */