" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, June 19, 2019

မြေပုံမြို့နယ်မှာ တပ်သတင်းပေးလို့စွပ်စွဲခံရသူတစ်ဦး လုပ်ကြံခံရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-19
သေနတ်နဲ့လုပ်ကြံသတ်ဖြတ်ခံရတဲ့ ကမ်းထောင်းကြီးမြို့ အလယ်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းမောင်ချေ ကို တွေ့ရစဉ်။
Photo: Yair Yint Aung


 ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ အလယ်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းမောင်ချေ ဟာ မနေ့ည ၈ နာရီလောက်က သူ့ရဲ့နေအိမ်ပေါ်မှာ မိသားစုနဲ့အတူ တီဗီထိုင်ကြည့်နေစဉ် သေနတ်နဲ့ လုပ်ကြံ သတ် ဖြတ်ခံခဲ့ရပါတယ်။

 ခြိမ်းခြောက်ခံရလို့ဆိုပြီး ပဲခူးတိုင်းဘက်ကို နှစ်လလောက်တိမ်းရှောင်ခဲ့ပြီးနောက် သူ့ရဲ့နေအိမ်ကို ပြန် ရောက် တာ အခုဆိုရင် ခြောက်ရက်ပဲ ရှိသေးတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။မနေ့ ည၈နာရီခွဲလောက် မှာ သေနတ်သမားဟာ သူ့ရဲ့နေအိမ်ပေါ်တက်လာပြီး ပစ်ခတ်ခဲ့တာလို့ မြေပုံမြို့ ဒုတိယမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က RFA ကို ပြောပါတယ်။

"၈ နာရီ ၃၀ ပေါ့နော် မနေ့ညက။ အခင်းဖြစ်တဲ့နေရာကတော့ သူ့အုပ်ချုပ်ရေးမှူးနေအိမ်မှာပဲ။ သူကနေ ပြီးတော့ တီဗီကြည့်နေတာပေါ့နော်။ မိုးလည်းရွာနေတာပေါ့ အဲဒီအချိန်။ တီဗီကြည့်နေတဲ့အချိန်မှာ လူ တစ်ဦးက မိုးကာ အင်္ကျ ီဝတ်ပြီးရင် မျက်နှာဖုံးနဲ့လာပြီး သေနတ်နဲ့ပစ်တာပေါ့ တစ်ချက်တည်း။ ခေါင်းကို တစ် ချက်တည်း။ အခု ကတော့ အမှုမှန်ပေါ်ပေါက်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်နေ တာပေါ့နော"

အမှုကို ရဲတပ်ဖွဲ့က စုံစမ်းနေပြီး တရားခံဟာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူးလို့လည်း ပြောပါတယ်။ ဦးသန်းမောင်ချေ လုပ်ကြံခံရတာနဲ့ပတ်သက်လို့ ကမ်းထောင်းကြီးမြို့ရဲစခန်းကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မနေ့ညက ပစ်ခတ်သွားတဲ့ ကျည်ဟာ ၉ မမ လူဂါအမျိုးအစားဖြစ်တယ်လို့ RFA ရဲ့ သီးခြားစုံစမ်းချက်အရ သိရပါ တယ်။

သေနတ်သမားဟာ ခန္ဓာကိုယ်ဝဖိုင့်ဖိုင့်နဲ့ ပုဆိုးခပ်တိုတိုဝတ်ဆင်ထားပြီး ဦးခေါင်းမှာ မိုးကာအင်္ကျ ီ ဦးထုပ်ကို ဆောင်းထားတာကြောင့် ဘယ်သူဘယ်ဝါဆိုတာ တိတိကျကျ မမြင်လိုက်ရဘူးလို့ ဦးသန်းမောင်ချေရဲ့ မိ သား စုဝင်တွေကပြောပါတယ်။

တရားခံဟာ ဘယ်သူဘယ်ဝါဆိုတာ တိတိကျကျမပြောနိုင်ပေမယ့် လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ လက်ချက် ဖြစ် နိုင်တယ်လို့ ယုံကြည်ကြောင်း သေဆုံးသွားတဲ့ ဦးသန်းမောင်ချေရဲ့မိသားစုက ပြောကြပါတယ်။ဦးသန်း မောင်ချေ ဟာ လွန်ခဲ့တဲ့ နှစ်လလောက်က ခြိမ်းခြောက်စာတစ်ခုကို ရရှိခဲ့တယ်လို့ သားဖြစ်သူ ကိုရဲရင့်အောင် က ပြောပါ တယ်။

"သေနတ်ကိုင်တယ်ဆိုကတည်းက အဖွဲ့အစည်းတစ်ခုကပဲလေ။ စစ်တပ်ကတော့ လုံးဝမဖြစ်နိုင်ဘူး။ ဒါ က AA ကလို့ပဲထင်တယ်။ မကျေနပ်တဲ့သူက စာတစ်စောင် ပို့ထားတာရှိတယ်။ အဲဒီစာက ကတ္ထူစာရွက် မှာ ဆော့ပန်နဲ့ ရေးပြီးတော့ အိမ်ခေါင်းရင်းလမ်းကြားက နွားလှည်းပေါ်မှာတင်ထားတယ်။ ဒါကို ကလေး တွေတွေ့တော့မှ လူ ကြီး တွေကသိတယ်။ အဲဒီစာထဲမှာ အဖေ့ကို စစ်တပ်နဲ့ပေါင်းပြီးတော့ သတင်းပေး တယ်ပေါ့။ တကယ်တော့ အဲလိုမဟုတ်ဘူး။ အဖေ့နာမည်က သန်းမောင်ချေ၊ ရခိုင်လို ငြိမ်းချေလို့ခေါ်ကြ တယ်။ ငြိမ်းချေ မင်းသေနေ့ စေ့ လာပြီ၊ ထမင်းစားထား၊ မင်းတို့တစ်ဖွဲ့လုံး ကျဆုံးတော့မယ်ပေါ့ သူက အဲဒါကို ရခိုင်လိုရေးထားတယ်"

သားဖြစ်သူ ဆယ်တန်းအောင်တဲ့ အထိမ်းအမှတ်အပြင် မွေးနေ့နဲ့လည်း တိုက်ဆိုင်နေတာကြောင့် ဒီနေ့ ဇွန်လ ၁၉ ရက်နေ့မှာ အိမ်မှာ အလှူလုပ်ဖို့ စီစဉ်နေကြပြီး မနေ့ညက သားဖြစ်သူက အိမ်နီးချင်းတွေနဲ့ မိတ်ဆွေ တွေကို သွားဖိတ်ခဲ့ရာနေ အိမ်ပြန်ရောက်ချိန်မှာ အဖေဖြစ်သူ သေဆုံးနေတာကို တွေ့ရတာလို့ သားဖြစ်သူ ကိုရဲရင့် အောင် က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို ပြော ပါတယ်။

"ပြောချင်တာကတော့ သေချာတာကတော့ ဒါဟာ AA ရဲ့လက်ချက်ဖြစ်မှန်း သေချာတယ်။ သေချာတယ် ဆိုတာ က သူတို့လုပ်ကြံသွားတဲ့ပုံစံနဲ့ လုပ်သွားတဲ့ပုံစံနဲ့ ဆောင်ရွက်တဲ့ပုံစံဟာ အရင်တုန်းက AA ဆောင် ရွက်နေ ကျပုံ စံအတိုင်းပဲ ဖြစ်တယ်"

ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ် မေးမြန်း ခဲ့ရာမှာ သူက အခုလိုတုံ့ပြန်ပါတယ်။

"ဒီဟာကတော့ ဒါကျွန်တော်တို့ကို ခုတုံးလုပ်ပြီးတော့ ကျွန်တော်တို့အဖွဲ့အစည်းအပေါ်မှာ အထင်အမြင် လွဲ လာ အောင်နေပြီးတော့ ဒါတစ်ဘက် အဖွဲ့အစည်းကလုပ်တယ်လို့ပဲ ကျွန်တော်တို့က နားလည်တယ်။ အခုဒီ ဦးသန်း မောင်ချေကိစ္စမှာလည်း သူက ကျွန်တော်တို့နဲ့ ဘာပြဿနာမှ မရှိပါဘူး။ ဆိုတော့ ကျွန် တော်တို့ဘက်က လုပ်စ ရာအကြောင်းမရှိဘူးလေ။ စီးပွားရေးကိစ္စတွေ အပါအဝင်ပေါ့နော် တခြားသူ့ကို မကျေနပ်တဲ့ သူတို့မှာ အချင်း ချင်းကြားထဲကကိစ္စတွေပဲ ဖြစ်မယ်လို့ထင်တယ်"

AA အဖွဲ့အနေနဲ့ မိမိတို့လုပ်ရပ် မှန်ကန်တယ်ဆိုရင် ဝန်ခံမှာဖြစ်သလို အခုလို ခိုးကြောင်ခိုးဝှက်အလုပ်တွေ ကို လုပ်မှာမဟုတ်ဘူးလို့လည်း ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခ က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲတွေပြင်းထန်လာပြီးနောက် အမည်မသိ သေ နတ် သမားတွေရဲ့လက်ချက်ကြောင့် အုပ်ချုပ်ရေးမှူးတွေ၊ အုပ်ချုပ်ရေးမှူးဟောင်းတွေ၊ ကျေးရွာတာဝန် ခံတွေ၊ ဒေသခံတွေ သတ်ဖြတ်ခံရတာတွေရှိသလို ဘာသတင်းအစအနမှမရဘဲ ပျောက်ဆုံးနေသူတွေလည်း ရှိပါတယ်။

အခုလိုသတ်ဖြတ်ခံရတာဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနေ့အထိ ခြောက်ဦးထက်မနည်းရှိနေပြီး အဲဒီ အထဲ မှာ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်လည်း တစ်ဦးပါဝင်ပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့က မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာက ALD ပါတီရဲ့ဗဟိုကော်မတီဝင် ဦးခင် မောင်သန်း၊ ဇန်န ဝါရီ ၂၂ ရက်နေ့က မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအုပ်စု ရွာဟောင်းပိုင်းမှာ နေထိုင်တဲ့ ဦးမောင်အေး သိန်း၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာတာဝန်ခံ ဦးမောင် ကျော်၊ မတ်လ ၅ ရက်နေ့ က သရက်တပင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဘစော တို့ဟာ အမည်မသိ လူသတ်သမားတွေရဲ့ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာပါ။

ဒီအမှုတွေနဲ့ပတ်သက်လို့ ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဆိုတာကို ရဲတပ်ဖွဲ့က ဒီနေ့အထိ လူသိရှင်ကြား ထုတ် ဖော်ပြောဆိုနိုင်တာ မရှိသေးပါဘူး။

ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ လုပ်ကြံသတ်ဖြတ်ခံရတာရှိသလို တစ်ဘက်မှာလည်း ရက္ခိုင့်တပ်တော် (AA) နဲ့ပတ်သက်တယ်ဆိုပြီး အစိုးရတပ်က ဖမ်းဆီးတရားစွဲဆိုခံရတာလည်း ရှိပါတယ်။

အစိုးရတပ်က ဖမ်းဆီးမှုတွေရှိတဲ့အတွက် မြောက်ဦးမြို့နယ်က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၉၀ ကျော် နှုတ်ထွက်ဖို့ကြိုးစားခဲ့ကြသလို လက်ရှိမှာလည်း ကျောက်တော်မြို့နယ် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး ပေါင်း ၄၀ ကျော် နှုတ်ထွက်ခွင့်တင်ထားကြပါတယ်။

ကျောက်တော်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက သူတို့ရဲ့လုံခြုံရေးအတွက် စိုးရိမ်နေရတယ်လို့ RFA ကိုပြောပါတယ်။

"ကျွန်တော်တို့က အုပ်ချုပ်ရေးမှူးဖြစ်နေတဲ့အခါကျတော့ နှစ်ဘက်စလုံးက အကူအညီတောင်းရင် နှစ် ဘက် စလုံးကို အကူအညီပေးရမှာပေါ့။ ဒါပေမဲ့ တစ်ဘက်ကတစ်ဘက် ဒီလို အကူအညီပေးရမလား၊ ဒီလိုလုပ်ရမလား ဆိုပြီးတော့ ဖမ်းရင်တော့ ကျွန်တော်တို့က ခံရမှာပေါ့။ ဟိုဘက်ကိုလည်း ကြောက်ရ တယ်။ အစိုးရဘက်ကို လည်း ကြောက်ရတာပေါ့။ အုပ်ချုပ်ရေးမှူးတွေအတွက် လုံခြုံရေးအခြေအနေက လုံးဝမကောင်းဘူးလေ။ မကောင်းဘူးလို့ပြောရမှာပေါ့"

ဒီလိုလုပ်ကြံခံရမှုတွေရှိနေပြီး အုပ်ချုပ်ရေးမှူးတွေအပါအဝင် ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေတဲ့အပေါ် တပ်မတော်ဘက်က ဘာတွေဆောင်ရွက်နေလဲလို့ RFA က မေးမြန်းရာမှာတော့ ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက -

"ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ပြောခဲ့သလို သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေးလုပ်တယ်။ သောင်း ကျန်းသူနယ်မြေရဲ့စစ်ဆင်ရေးဆိုတဲ့အခါမှာ စစ်ဆင်ရေးလုပ်တဲ့အပိုင်း ရှိတယ်။ လုံခြုံရေး လုပ် တဲ့အပိုင်းရှိတယ်။ ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ရတဲ့အပိုင်းတွေ ရှိပါတယ်။ အဲဒီသုံးခုကို ကျွန် တော် တို့ ဆောင်ရွက်  လျက် ရှိပါတယ်"

ရခိုင်ပြည်နယ်မှာ နှစ်ဘက်တိုက်ပွဲကာလအတွင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနေ့အထိ ကျောက်တော် မြို့ နယ် တောင်မင်းကုလားကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းနုအပါအဝင် ပျောက်ဆုံးနေသူ ၁၀ ဦးထက် မနည်း ရှိနေပါတယ်။

လက်နက်ကျည်ထိမှန်တာ၊ မိုင်းကွဲတာတွေကြောင့် အရပ်သားသေဆုံးမှုက ၆၀ ခန့်ရှိနေပြီး ဆေးရုံတက် ကုသခဲ့ရ သူကတော့ လူဦးရေ ၁၀၀ ကျော်ရှိနေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */