2019-11-16
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ သမ္မတဟောင်းများ ဖြစ်ကြတဲ့ ဦးထင်ကျော်နဲ့ ဦးသိန်းစိန်
Photo: RFA
Photo: RFA
ရိုဟင်ဂျာတွေကို မောင်းထုတ်ခဲ့မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ ခြိမ်းခြောက်မှုဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ အာဂျင်တီးနား နိုင်ငံတရားရုံးတွေမှာ တရားစွဲဆိုထားတဲ့အပေါ် မြန်မာအစိုးရက ICJ တစ်ခုတည်းကိုပဲ နိုင်ငံတကာ ဥပဒေလမ်းကြောင်းအရ ဖြေ ရှင်းမယ်ဆိုတာ မဖြစ်သင့်ကြောင်း နိုင်ငံရေးလေ့လာသူတွေနဲ့ ဥပဒေပညာရှင်တွေက ဝေဖန်ထောက်ပြ ကြ ပါတယ်။
