Thursday, February 6, 2020

ပြည်ထဲရေးဝန်ကြီးဖြစ်လာမယ့် စစ်ထောက်လှမ်းရေးချုပ်

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
မြန်မာဌာန | သတင်းများ
2020.02.06
ပြည်ထဲရေးဝန်ကြီးဖြစ်လာမယ့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်(ဝဲ)ကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ်
Photo: acdfm

 ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးသစ်အဖြစ် တပ်မတော်သား ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ကို ဒီကနေ့ အတည်ပြုခန့်အပ်လိုက်ပြီဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနဟာ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီးတော့၊ ၂၀၀၈ အခြေခံဥပဒေ ဖွဲ့စည်း ပုံအရ ဝန်ကြီးဌာနအတွက် ရာထူးခန့်အပ်တာ၊ အနားပေးတာတွေကို တိုက်ရိုက်ပြုလုပ်ပါတယ်။ ပြီးတော့မှ နိုင်ငံတော် သမ္မတရဲ့ အတည်ပြုချက်ကို တင်ပြရယူတာဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ မန္တလေးမြို့ဇာတိဖြစ်ပြီး၊ ကရင်ပြည်နယ်မှာ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ် လွန်သွားတဲ့ ဗိုလ်မှူးချုပ် လွန်းမောင်ရဲ့သားဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့ သူ့ရဲ့ကိုယ် ရေးအကျဉ်းမှာ ရေးသားဖော်ပြထားပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ စစ်ဖက်ရေးရာထောက်လှမ်းရေးအဖွဲ့ရဲ့ အကြီးအကဲတစ်ဦးလည်းဖြစ် ပါ တယ်။

ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ် ကျော်ဆွေ ကိုတော့ မူလစစ်ဖက်တာဝန် ဝတ္တ ရားအတိုင်း ပြန်လည်ထမ်းဆောင်စေတယ်လို့ သမ္မတရုံးက ဖေဖော်ဝါရီ ၄ ရက်နေ့တုန်းက ထုတ်ပြန်ထားပါ တယ် ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */