" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, January 31, 2020

ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ရာထူး မှ အနားယူမည်

ဧရာဝတီ
ထက်နိုင်ဇော်
31 January 2020
ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ / ဧရာဝတီ
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရထံတွင် ပြည်ထဲရေး ဝန်ကြီး တာဝန် ထမ်းဆောင် နေ သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေသည် ရာထူးမှ အနားယူတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

အစိုးရ သတင်းရင်း မြစ်တဦးက “ပြည်ထဲရေး ဝန်ကြီး အပြောင်းအလဲ ရှိပါတယ်။ သိပ်မကြာခင်မှာပဲ Orderထွက် ပါလိမ့်မယ်”ဟု ဧရာဝတီသို့ အတည်ပြုသည်။

ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေမှာ ၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလတွင် မွေးဖွားသူဖြစ်ရာ ယခု အ သက် ၆၁ နှစ် ရှိပြီ ဖြစ်၍ သက်ပြည့်ပင်စင်ဖြင့် အနားယူသွားခြင်း ဖြစ်ကြောင်း သိရသည်။

သက်ပြည့်ပင်စင် အပေးခံရသည့် ပြည်ထဲရေး ဝန်ကြီးသည် လုပ်ထုံးလုပ်နည်းများအရ သမ္မတထံ အရင် တင်ပြရ ပြီး သမ္မတက သဘောတူ လက်ခံပါက ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်လည်း ရယူ ရဦးမည် ဖြစ် သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ၃ ပါးကို တပ် မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းရခြင်း ဖြစ်ပြီး သမ္မတက လွှတ်တော်၏ အတည် ပြုချက်ဖြင့် ခန့်အပ်ရခြင်း ဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၏ ဝန်ကြီး နေရာသို့ အသစ်ရောက်ရှိလာမည်ဟု သတင်းထွက်ပေါ်နေသူ ၂ ဦးမှာ လက်ရှိ စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် လက်ရှိ စစ်ဆင်ရေး အ ထူးအဖွဲ့ မှူး တာဝန်ယူထားသူ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးတို့ ဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ဗိုလ်သင်တန်းကျောင်း အပတ်စဉ် ၆၄ မှ ဖြစ်ပြီး ၂၀၀၄ ခုနှစ်က ဖျက်သိမ်း ခဲ့ သော တပ်မတော် ထောက်လှမ်းရေး အရာရှိချုပ်နေရာကို အစားထိုးလိုက်သည့် စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာ ရှိချုပ်ရုံးကို ဦးဆောင်နေသူ တဦးလည်း ဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးမှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၆ ဆင်း ဖြစ်ပြီး တပ်မ ၃၃ တပ်မမှူး၊အရှေ့မြောက် တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပြည်ထဲရေး ဒုတိယ ဝန်ကြီး ဖြစ်လာပြီး NLD အစိုးရ လက်ထက်တွင် တပ်မတော်သို့ ပြန်လည်ခေါ်ယူပြီး ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အဖြစ် တိုးမြင့် ခံရသူ တဦး ဖြစ် သည်။

“ကျနော်တို့ သိရသလောက်တော့ ဗိုလ်ချုပ်ကြီး စိုးထွဋ် ပြောင်းလာမယ်လို့ ကြားတယ်။ ရုံးထဲမှာ ရုံးခန်းတွေ တောင် ပြောင်းနေကြပြီ။ ဝန်ကြီးဟောင်းက အလှူလည်း လုပ်သွားတယ်။ ဒီနေ့ ဝန်ကြီးရုံးမှာ ထမင်းနဲ ထိုးကြ တယ်။ ဝန်ကြီး ဦးကျော်ဆွေက သူမနားခင်လေးမှာ ရာထူးတိုးတာတွေ နေရာပြောင်းတာတွေလည်း လုပ် ပေး ခဲ့သေးတယ်”ဟု ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းရင်းမြစ်တဦးက ပြောသည်။

ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စု ကြည်၏ ပြည်တွင်းခရီးစဉ်များသို့ တောက်လျှောက် လိုက်ပါလေ့ ရှိသူ ၁ ဦး ဖြစ်ပြီး ဇန်နဝါရီလ ၂၃ ရက်နေ့ က သွားရောက်ခဲ့ သည့် စစ်ကိုင်းတိုင်းဘက်သို့ ခရီးစဉ်တွင်မူ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူသာ လိုက်ပါ သွား သည်ကို တွေ့ရသည်။

ယင်းနောက်ပိုင်း နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော် အဆင့် အခမ်းအနားများကိုလည်း ပြည်ထဲရေး ဝန် ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ တက်ရောက်လာခြင်း မရှိတော့ပါ။

ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို ပြည်သူက သဘောကျပြီး အစိုးရနှင့် လက်တွဲ အလုပ်လုပ်ရာတွင်လည်း အ ဆင် ပြေသဖြင့် နောက်ထပ် တက်လာမည့် ပြည်ထဲရေး ဝန်ကြီး အသစ်ကိုလည်း ၎င်းကဲ့သို့ ဖြစ်စေချင် ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက “အစ်မတို့ အနေနဲ့ကတော့ ပြည်သူရော၊ လွှတ်တော်၊ အစိုးရနဲ့ရော အဆင်ပြေမယ့် သူမျိုးကို ဖြစ်စေချင်တာ။ ပြည်ထဲ ရေး ဝန်ကြီးဌာန က အရေးကြီးတယ်လေ။ မြို့နယ်အလိုက်တွေမှာ လုံခြုံရေး ရဲတပ်ဖွဲ့တွေက ပြည်ထဲရေးက တိုက်ရိုက် ကိုင် တွယ် ဆောင်ရွက်တဲ့အတွက် အမတို့ မြို့နယ်မှာ တိုးတက်လာတာတွေ ရှိတယ်။ အဓိကကတော့ ပူးပေါင်း ဆောင် ရွက်မှုပဲ”ဟု ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ၂၀၁၈ ခုနှစ်အတွင်း စင်ကာပူနိုင်ငံ ခရီးစဉ်အတွင်း သူ၏ NLD အစိုးရနှင့် တပ်မတော်ကြား ဆက်ဆံရေးမှာ မဆိုးကြောင်း၊ အစိုးရအဖွဲ့တွင် ပါဝင်သည့် ဝန်ကြီး ၃ ဦးမှာလည်း “ခင်မင်ဖွယ်” ဖြစ်ကြောင်း အမေးအဖြေ ကဏ္ဍတခုတွင် ထုတ်ဖော်ချီးကျူးခဲ့သေးသည်။

ဆက်စပ်လင့်-
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */