2019-11-19
ICJ ကုလသမဂ္ဂတရားရုံးကို တွေ့ရစဉ်
Photo: IJC
Photo: IJC
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲလိုက်တဲ့အမှုအတွက် ပထမဆုံးကြားနာပွဲကို ဒီဇင်ဘာလထဲမှာ ပြုလုပ်မယ့်အကြောင်း ICJ ကုလသမဂ္ဂတရားရုံးက ဒီနေ့ အချိန်စာရင်းထုတ်ပြန်လိုက်ပါတယ်။
The Convention on the Prevention and Punishment of the Crime of Genocide ဆိုတဲ့ လူမျိုးတုံး သတ် ဖြတ် မှုများ ကာကွယ်ရေးနဲ့ အပြစ်ပေးအရေးယူခြင်းဆိုင်ရာ နိုင်ငံတကာသဘောတူညီမှုကို မြန်မာနိုင်ငံက ချိုးဖောက်ခဲ့တဲ့အတွက် တရားဥပဒေအရအရေးယူဖို့ ဂမ်ဘီယာနိုင်ငံက အမှုဖွင့်တိုင်ကြားချက်ကို နယ်သာ လန် နိုင်ငံ သဟိဂ်မြို့က တရားရုံးမှာ ပထမဆုံးကြားနာတော့မှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက် ၁၀ နာရီကနေ နေ့လယ် ၁ နာရီထိ တရားလို ဂမ်ဘီယာရဲ့ လျှောက်လဲချက် ကိုကြား နာမှာဖြစ်ပြီး၊ နောက်နေ့ ဒီဇင်ဘာလ ၁၁ ရက် မနက် ၁၀ နာရီကနေ နေ့လယ် ၁ နာရီထိကို တရား စွဲခံရတဲ့ မြန်မာဘက် လျှောက်လဲချက်ကို ကြားနာမှာဖြစ်ပါတယ်။
နောက်တရက် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ မနက် ၁၀ နာရီကနေ ၁၁ နာရီခွဲထိ ဂမ်ဘီယာနိုင်ငံကို ကြားနာ မှာဖြစ်ပြီး၊ အဲဒီနေ့ ညနေ ၄ နာရီခွဲကနေ ၆ နာရီထိကို မြန်မာဘက်က တင်ပြချက်ကို ကြားနာ မှာဖြစ် ပါတယ်။
အဲဒီကြားနာပွဲတွေဟာ တံခါးဖွင့်ကြားနာပွဲဖြစ်သလို၊ ICJ ရဲ့ အင်တာနက် ဝက်ဘ်ဆိုဒ်ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးမှာဖြစ်ပြီး၊ ဓါတ်ပုံနဲ့ဗီဒီယိုမှတ်တမ်းတွေကို သတင်းတွေအတွက် အခမဲ့သုံးစွဲခွင့်ပြု မယ်လို့ ဆို ပါတယ်။
တရားရုံးထဲမှာတော့ ထိုင်ခုံအကန့်အသတ်ရှိတဲ့အတွက် သက်ဆိုင်ရာနှစ်နိုင်ငံက ကိုယ်စားလှယ်တွေကို ပထမ ဦးစားပေးပြီး၊ သံတမန်တွေကို ဒုတိယဦးစားပေးမှာဖြစ်ပါတယ်။ ဒါကြောင့် ကြားနာပွဲတက်ရောက် လိုတဲ့ သံတမန်တွေက နိုဝင်ဘာလ ၂၈ ရက်နေ့မတိုင်ခင် စာရင်းပေးကြရမှာဖြစ်ပါတယ်။
အဲဒီပုဂ္ဂိုလ်တွေပြီးရင် တခြားစိတ်ဝင်စားတဲ့ပြင်ပပုဂ္ဂိုလ်တွေအတွက် ကြိုတင်စာရင်းပေးစရာမလိုပဲ၊ ဦးရာလူ စနစ်နဲ့ဝင်ခွင့်ပေးမှာဖြစ်ပါတယ်။
သတင်းထောက်တွေအနေနဲ့လည်း နိုဝင်ဘာလ ၂၈ ရက်နေ့ ညသန်းခေါင်မတိုင်ခင်မှာ ကြိုတင်စာရင်းပေးရ မှာဖြစ်ပါတယ်။
ဒီလိုတရားစွဲတာဟာ အိုအိုင်စီ အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စား ဆောင်ရွက် တာဖြစ် သ လို၊ ရိုဟင်ဂျာတွေ နောက်ထပ်ဖိနှိပ်မခံရအောင် ကာကွယ်ပေးနိုင်မယ့် အရေးပေါ်ဆောင်ရွက် ချက်တခုခုကို ICJ တရားရုံးက အမြန်ဆုံးချမှတ်ပေးဖို့လိုချင်တယ်လို့ ဂမ်ဘီယာနိုင်ငံရဲ့ရှေ့နေတွေ ကပြော ပါတယ်။
အခုရုံးချိန်းနဲ့ပတ်သက်လို့ တရားရုံးရဲ့ ပြင်ဆင်ထားမှုအခြေအနေ၊ သက်ဆိုင်ရာနိုင်ငံတွေဘက်ကို အကြောင်း ကြား ထားမှုအခြေအနေတွနဲ့ ပတ်သက်လို့ ICJ ရုံးရဲ့ ပြန်ကြားရေးဌာန အတွင်းဝန် မစ္စတာ အန်ဒရေ ပေါ့စ ကာ ကူကင် ကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ လောလောဆယ်မှာ သူတို့အနေနဲ့ မှတ်ချက်တစ်စုံတစ်ရာ ထုတ်မပြောနိုင် သေးဘူးလို့ ပြောပါတယ်။
ICJ မှာ တရားစွဲခံရတဲ့ကိစ္စကို မြန်မာနိုင်ငံဘက်ကနေ နိုင်ငံတကာဥပဒေတွေနဲ့အညီ တုံ့ပြန်ဖြေရှင်းသွား မယ်လို့ ပြီးခဲ့တဲ့ သောကြာ နိုဝင်ဘာလ ၁၅ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သမ္မတရုံးရဲ့ ပုံမှန်သတင်း စာရှင်းလင်းပွဲ မှာ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားထားပါတယ်။
Link : Here

No comments:
Post a Comment