" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, September 23, 2023

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး အကူအညီပေးကြဖို့ ဘင်္ဂလားဒေ့ရှ်တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၃ စက်တင်ဘာ၊ ၂၀၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို လုံခြုံစိတ်ချစွာ ပြန်နိုင် အောင် လုပ်ဆောင်ပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က သောကြာနေ့ ကုလသမဂ္ဂအထွေ ထွေ ညီလာခံမှာ တောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ထွက်ပြေးလာရတာ အခုဆို ၆ နှစ်ရှိနေပြီဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်က ယာယီခို လှုံ ခွင့်ပေးထားတာ ဖြစ်ကြောင်းနဲ့ သူတို့တွေဟာ နေရပ်ရင်း ပြန်ပြီး အေးအေးချမ်းချမ်း နေလိုတဲ့ ဆန္ဒရှိနေကြတာ ကြောင့် ဒီဒုက္ခသည်တွေ နေအိမ်ပြန်နိုင်အောင် လုပ်ပေးရမှာ ဖြစ်ကြောင်း ပြောသွားတာပါ။

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေနဲ့ အိမ်ရှင်အဖြစ် လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် ဒေသခံတွေအတွက် လူသားစာနာမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁၁၆ သန်း ထပ်ပြီး ပေးအပ်မှာဖြစ်ကြောင်း အမေရိကန် အစိုးရက ကြေညာလိုက်ပြီး နောက်တနေ့မှာပဲ ဝန်ကြီးချုပ် Hasina က အခုလို ပန်ကြားလိုက်တာ ဖြစ်ပါတယ်။

၂၀၁၇ သြဂုတ်လမှာ ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံခဲ့ချိန်ကစပြီး အမေရိကန်က ပေးအပ်တဲ့ အကူအညီဟာ အခုဆို ဒေါ်လာ သန်းပေါင်း ၂,၂၀၀ ကျော်နေပြီ ဖြစ်ပါတယ်။

၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဘေးပန်းအစည်းအဝေးအဖြစ် ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ ဂမ်ဘီ ယာ၊ မလေးရှား၊ တူရကီ၊ ဗြိတိန်နဲ့ အမေရိကန်တို့ ဦးဆောင်ပြီး ရိုဟင်ဂျာအရေးဆိုင်ရာ ကြာသပတေးနေ့အစည်း အဝေးမှာလည်း ကမ္ဘာ့အသိုင်းအဝိုင်း အထူးသဖြင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန် နိုင်ရေး စုပေါင်းလုပ်ဆောင်မှုကို ၂ ဆတိုး ဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က တိုက်တွန်းခဲ့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */