RFA
လွတ်လပ်တဲ့ အာရှအသံ
မသက်စုအောင်
2019-03-27
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိခိုက် ဒဏ်ရာရ သေဆုံးတာတွေနဲ့ ပျက်စီးဆုံးရှုံးမှု စာရင်းတွေကို ရခိုင်အမျိုးသားပါတီ ANP က ကောက်ယူနေတယ်လို့ သိရပါတယ်။
လွတ်လပ်တဲ့ အာရှအသံ
မသက်စုအောင်
2019-03-27
ရခိုင်အမျိုးသားပါတီ ANP ဒု ဥက္ကဋ္ဌ ဒေါ်အေးနုစိန် ဦးဆောင်တဲ့အဖွဲ့ မြောက်ဦးမြို့နယ်အတွင်း ကွင်းဆင်းစုံစမ်းစဉ်
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က ရခိုင်အမျိုးသားပါတီရဲ့ ဒုဥက္ကဋ္ဌ ဖြစ်တဲ့ ဒေါ်အေးနုစိန် ကိုယ်တိုင်ပါဝင်ပြီး လွှတ် တော်ကိုယ်စားလှယ်တွေပါ ပါဝင်တဲ့ စုံစမ်းရေးကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့ပြီး ဒီကော်မရှင်က ကွင်း ဆင်းစုံစမ်းစာရင်းကောက်တာတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။
ကော်မရှင်အဖွဲ့ဟာ မြောက်ဦးမြို့ကို ဒီနေ့မှာ ကွင်းဆင်း စုံစမ်းခဲ့ပြီး စစ်ဘေးရှောင်စခန်းတွေက စစ်ဘေးဒုက္ခ သည်တွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း တို့ကို လည်းကော် မရှင်က အဖွဲ့ခွဲပြီး ကွင်းဆင်းစုံစမ်းတာတွေ ဆောင်ရွက်နေတယ်လို့ ဒေါ်အေးနုစိန် က ပြောပါ တယ်။
မြောက်ဦးမှာ ဒီရက်ပိုင်းအတွင်း စစ်ဘေးရှောင်အရေအတွက် ၆ ထောင်ကျော်မှာ ရှိနေပြီး တိုက်ပွဲကြောင့် သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာ၊ ဖမ်းဆီးခံရတာ စတဲ့ အရပ်သား စုစုပေါင်း ၅၂ ယောက် ရှိတယ်လို့ ကော် မရှင်ကနေ သိရပါတယ်။
ကော်မရှင်အနေနဲ့ မြေပြင်မှာ စုံစမ်း ရရှိတဲ့အခြေအနေတွေကို ဒီလကုန်မှာ အစီရင်ခံစာ တစ်စောင်ရေးပြီး ရခိုင်အမျိုးသားပါတီကနေ တဆင့် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာ ကွယ်ရေး ဦးစီး ချုပ် တို့ကို တင်ပြသွားမယ်လို့ ဒေါ်အေးနုစိန် က ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း AA နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်သလို တိုက်ပွဲကြောင့် ထွက် ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် အရေအတွက်ကလည်း နှစ်သောင်းနှစ်ထောင်ကျော် ရှိသွားပြီလို့ သိ ရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။
Link : Here

No comments:
Post a Comment