Thursday, December 5, 2019

ICJ သွားမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ထောက်ခံကြတာလဲ

လွတ်လပ်တဲ့အာရှအသံ( RFA )
နေမျိုးထွန်း၊ ဖြူဖြူခိုင်
2019-12-05
ဂမ်ဘီယာနိုင်ငံက အမှုဖွင့်ထားတာကို သွားရောက်ရင်ဆိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁၉ နိုဝင်ဘာ ၂၄ ရက်နေ့က မုံရွာမြို့မှာ ထောက်ခံစဉ် Photo: Thant Zin 


မြန်မာနိုင်ငံကို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆို တဲ့ စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက အမှုဖွင့်ထားတာကို လာမယ့် ဒီဇင် ဘာ ၁၀ ရက်နေ့ကနေ ၁၂ ရက်အထိ နယ်သာလန်နိုင်ငံ သဟိဂ်မြို့မှာ စတင်ကြားနာတော့မှာဖြစ်ပါတယ်။

ဒီအမှုကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင်မယ်လို့ အစိုးရဘက်က ကြေညာပြီးနောက်ပိုင်းမှာ သူ့ကို ဝန်းရံတဲ့အနေနဲ့ ထောက်ခံပွဲတွေ ပြုလုပ်လာကြသလို မကြာခင်ရက်ပိုင်း အတွင်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ တောင်ကြီးမြို့တွေအပါအဝင် မြို့တော်တော်များများ ပြုလုပ်ဖို့ရှိ နေ တာပါ။

ဒီလိုထောက်ခံပွဲတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဦးစီးကျင်းပတာမဟုတ်ဘဲ ပြည်သူလုထု တွေ ထောက်ခံပွဲလုပ်မယ်ဆိုရင် အဖက်ဖက်က ထောက်ပံ့ပေးမယ်လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်က RFA ကို ပြောပါတယ်။ ဘာကြောင့်ထောက်ခံတာလဲ ဆိုတာကို ဒေါက်တာမျိုးညွန့် ပြောတာက တပ်မတော်က လည်း စွပ်စွဲထားသလို လူမျိုးတုံးသတ်ဖြတ်မှုကို စီစဉ်ဆောင်ရွက်ခဲ့ခြင်း မရှိဘူးဆိုတာကို ယုံကြည်တာကြောင့် ထောက်ခံတာလို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“ထောက်ခံပွဲတွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ခေါင်းဆောင်ပီပီ နိုင်ငံတွင်းမှာ ဖြစ်လာတဲ့ ပြဿနာ တွေကို ခေါင်းမရှောင်ဘဲနဲ့ ကိုယ်တိုင်တာဝန်ယူဆောင်ရွက်တဲ့အတွက် သူကို ခွန်အားဖြစ်စေဖို့အတွက် ထောက်ခံခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တာလည်း ပါပါတယ်။ တပ် မတော်ဟာ အခု စွပ်စွဲထားသလို လူမျိုးတုံးသတ်ဖြတ်မှုကို စီစဉ်ဆောင်ရွက်ခဲ့ခြင်းမရှိဘူးဆိုတာကို ယုံကြည် တာလည်းပါပါတယ်။”

ဒါ့အပြင် ဒီလိုထောက်ခံပွဲတွေဟာ နိုင်ငံတကာတရားရုံးကို တစ်စုံစ်တရာ ဖိအားပေးဖို့ ရည်ရွယ်ချက် မရှိ ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးခြင်းသာဖြစ်တယ်လို့လည်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကျင်းပ ခဲ့ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန်၊ တိုင်းဝန်ကြီးတချို့နဲ့ လွှတ်တော် ကိုယ်စား လှယ် တွေ အပါအဝင် လူအများအပြား တက်ရောက်ခဲ့ပါတယ်။ ထောက်ခံသူတွေဟာ ဂမ်ဘီယာနိုင်ငံက စွပ်စွဲထား သ လို ရခိုင်ပြည်နယ်မှာ လူမျိုးတုန်းသတ်ဖြတ်မှု ရှိတယ်ဆိုတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားကြ တာ နည်းပြီး ပုဂ္ဂိုလ်ရေးအရ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံကြတာဖြစ်ပါတယ်။

ဒီနေ့ ခန္တီးမြို့မှာ လူ ၁၀၀ ကျော် ပါဝင်ခဲ့တဲ့ ထောက်ခံပွဲ ဦးဆောင်သူ ကိုအောင်ဆန်းမြင့် က ဒီအရေးကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တာကြောင့် အခု လို ထောက်ခံတာလို့ ပြောပါတယ်။

“နိုင်ငံတော်ကို တရားစွဲတဲ့အတွက် နိုင်ငံသားတိုင်း တာဝန်ရှိတယ်ဆိုတဲ့အသိစိတ်ကို ပြည်သူလူထုကို အသိ ပေး ချင်တာကြောင့် ထောက်ခံပွဲလုပ်တာ။ အဲဒီတော့ ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စား လှယ်အဖွဲ့ သွားရောက်ဖြေရှင်းမှာ ဒါပေမဲ့ ကျွန်တော်တို့ဘက်က ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည် တယ်။ အဲဒါကြောင့်မို့ ရပ်တည်တာဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းမရှိဘူးလို့ ယုံကြည်ပြီး ထောက်ခံတာလား ဆိုတဲ့ မေးခွန်းကိုတော့ ထောက်ခံသူတွေက ပြတ်ပြတ်သားသားငြင်းဆိုတာ မရှိပါဘူး။ ဒီလိုကိစ္စတွေ ကျူး လွန် ခဲ့ခြင်း ရှိ မရှိ ဆိုတာကို တရားရုံးကသာ ဆုံးဖြတ်ပေးလိမ့်မယ်လို့ ၈၈ ကျောင်းသားခေါင်း ဆောင်အများ စုပါဝင်တဲ့ ပြည်သူ့ပါတီက ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျ က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အချင်းနဲ့ နိုင်ငံရေးအတွေးအခေါ်ပိုင်း နောက်တခါ သူရဲ့ နိုင်ငံတကာဝင်ဆံ့မှုအပိုင်းဟာ အခုလို နိုင်ငံတကာအဆင့်အထိ ရောက်သွားတဲ့ မြန်မာနိုင်ငံရဲ့ အရေးအပေါ် ဖြေရှင်းတဲ့အခါ အကောင်းဆုံးသောအနေအထားကို သူ့ထက်ပိုပြီးရနိုင်မယ့်လူမရှိဘူးလို့ ကျွန်တော်မြင် တယ်လေ။ ဒါ့ကြောင့် ဒီလိုအချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မယ့်အပေါ်မှာ ပြည်သူတွေက လည်း ထောက်ခံ တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ထောက်ခံအားပေးတယ်။ လူမျိုးတုံးသတ်ဖြတ်ခြင်း ဆိုတဲ့ နိုင်ငံတကာစံနှုန်း နဲ့ သူတို့က စဉ်းစားမယ်ဆိုတဲ့အခါကျတော့ ဒီစဉ်းစားချက်က ဘယ်လောက်ထိ ပြည့်စုံတယ်၊ ခိုင်လုံတယ်ဆိုတာ တရား ရုံးက အဆုံးအဖြတ်ပေါ်မှာ မူတည်ပါလိမ့်မယ်။ မြန်မာ့တပ်မတော် အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု တကယ် လုပ် မလုပ်ဆိုတာကို တရားရုံးက အဆုံးအဖြတ်ကို ကျွန်တော်တို့က စောင့်ယူရမှာပါ။”

ဒေါ်အောင်စုကြည်ဟာ နိုင်ငံအတွက် ရှေ့ကနေ မှန်မှန်ကန်ကန် ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ့်ပုဂ္ဂိုလ် ဖြစ်တာကြောင့် ထောက်ခံတာလို့ NLD ပါတီက ထန်းတပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ဘုန်းကျော်စံဦးက ပြောပါတယ်။

“ကျွန်တော်တို့ နိုင်ငံတစ်နိုင်ငံလုံးအတွက် ရှေ့ကနေ မှန်မှန်ကန်ကန်နဲ့ တိတိကျကျ ထိထိရောက်ရောက်နဲ့ ဖြေရှင်းနိုင်မယ့် ပုဂ္ဂိုလ်ဖြစ်တာကြောင့် သူ့ကို ကျွန်တော်တို့ထောက်ခံခြင်းဖြစ်တယ်ဗျ။ ကျွန်တော်တို့ တစ်နိုင် ငံလုံးနဲ့ ပတ်သက်တဲ့ ထောက်ခံတယ်ဆိုတဲ့ ဆန္ဒကို ကျွန်တော်ကိုယ်တိုင် နိုင်ငံသားဖြစ်နေတာကြောင့် ပါဝင် တာဖြစ်တယ်။”

ဒီကိစ္စဟာ နိုင်ငံသူ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည် မှုအပြည့်အဝရှိတာကြောင့် အခုလို ထောက်ခံတာလို့ ပြောဆိုလာသူကတော့ မုံရွာမြို့မှာ ပြုလုပ်တဲ့ ထောက် ခံပွဲဦးဆောင်သူ ဦးကျော်မိုးလှိုင် ပါ။

“ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တယ်။ နောက် ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ ခေါင်း ဆောင်အပေါ် ယုံကြည်မှုအပြည့်ရှိတယ်။ အဲဒါကြောင့် ထောက်ခံပွဲပြုလုပ်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲရေးမှာ လက်ရှိတစ်ဦးတည်းသော ခေါင်းဆောင်ဖြစ်တယ်။ အဲဒီခေါင်းဆောင်ရဲ့ ရပ် တည် မှု ဟာ လူထုရဲ့ ရပ်တည်မှုနဲ့ တစ်သားထဲကျတယ်ဆိုတာ ပြခြင်းဖြစ်ပါတယ်။”

ဂမ်ဘီယာနိုင်ငံက နယူးယောက်အခြေစိုက် နာမည်ကြီး Foley Hoag ဥပဒေအကျိုးဆောင်ကုမ္ပဏီကို ငှား ရမ်း ထားပြီးတော့၊ မြန်မာအစိုးရကလည်း Middlesex University London က ပါမောက္ခ၊ ဥပဒေပါရဂူဘွဲ့ရ ဝီလီယံ ရှဘတ်စ်ကို ငှားရမ်းတယ်လို့ သတင်းတွေပေါ်ထွက်နေပါတယ်။ အစိုးရကတော့ အတည်ပြု ထုတ် ပြန် တာမျိုး မရှိသေးပါဘူး။

ဒီဇင်ဘာ ၁၀ ကနေ ၁၂ရက်နေ့အထိ နယ်သာလန်နိုင်ငံမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ပြီးတော့ စွပ်စွဲချက်တွေအပေါ် ခုခံချေပရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ခရီးကို နယ်သာ လန်နိုင်ငံ မှာနေတဲ့ မြန်မာနိုင်ငံသားတချို့ကလည်း ထောက်ခံဆန္ဒပြဖို့ ရှိနေပြီး တဖက်မှာလည်း လူမျိုးတုံး သတ်ဖြတ်မှု အားပေးသူ၊ ဖုံးကွယ်ပေးသူဖြစ်တယ်လို့ စွပ်စွဲဆန္ဒပြဖို့လည်း ရိုဟင်ဂျာ လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူတွေ ပြင်နေကြပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */