7DAY DAILY
ထက်အာကာကျော်
November 28, 2019
ထောက်ခံပွဲများပြုလုပ်ရာတွင် တစ်ဖက်ကို ထိခိုက်၊ ပြဿနာဖြစ်စေမည့် လုပ်ဆောင်ချက်မျိုးမဖြစ်ပေါ် စေရန် ထုတ်ပြန်ဟုဆို
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် မြန်မာအပေါ် တရားစွဲဆိုခံရသည့်အမှုကို ရင်ဆိုင်ရာ၌ နိုင်ငံတော် အစိုးရအနေဖြင့် မည်သည့်နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ အစုအဖွဲ့ကိုမျှ ထိခိုက်နစ်နာစေခြင်း၊ တိုက်ခိုက်ခြင်း မလုပ် ဆောင်ဘဲ ပကတိအရှိတရားနှင့် သန္နိဋ္ဌာန်ကို ကမ္ဘာက သိရှိနားလည်စေရေး ကြိုးပမ်း ဆောင်ရွက်မည်ဟု နိုင်ငံခြားရေး ဝန် ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။
ယင်းသို့ ထုတ်ပြန်ရခြင်းသည် ထောက်ခံပွဲများပြုလုပ်ရာတွင် တစ်ဖက်ကို ထိခိုက်စေမည့်၊ ပြဿနာဖြစ်စေ မည့် လုပ်ဆောင်ချက်မျိုး မဖြစ်ပေါ်စေရန်နှင့် တရားစွဲဆိုသည့် အဖွဲ့အစည်း၊ နိုင်ငံများကိုလည်း ရန်သူ အ ဖြစ်သတ်မှတ်၍မရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အပြည် ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးချမ်းအေးက ပြောသည်။
‘‘တရားဥပဒေနဲ့ ရင်ဆိုင် တဲ့သဘောပါပဲ။ အဲဒီတော့ OIC တို့၊ တရားစွဲတာကို ဆုံးဖြတ်မယ့် ICJ တို့ကို ပုတ် ခတ်တာမျိုး၊ တိုက်ခိုက်မယ့်ဟာမျိုးတွေ မကောင်းဘူးပေါ့။ အဲဒါတွေ မလုပ်ဘဲ မှန်မှန်ကန်ကန်ရပ်တည် ဖို့ပါ ပဲ။ အဲဒီအတွက် ထိန်းထိန်း သိမ်းသိမ်း လုပ်ဖို့ပါ’’ ဟု ၎င်းက ဆိုသည်။
ICJ ၌ တရားစွဲဆိုခံရခြင်း စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် ဦး ဆောင်ကာ စနစ်တကျပြင်ဆင်ဆောင်ရွက် နေမှုအပေါ် နိုင်ငံတစ်ဝန်းရှိ လူထု လူတန်းစားအသီးသီးက ထောက် ခံမှုများပြသနေသည်ကို ဝမ်းသာ ကြောင်းနှင့် ပြည်သူလူထုတစ်ရပ် လုံး၏ စည်းလုံးညီညွတ်မှုသည် နိုင်ငံတော်အတွက် ကြီးမားလှ သောအင်အားကိုဖြစ်ထွန်းစေ မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့် ခွာသူများအရေးနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ် မစ် ပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့ (OIC)ကိုယ်စား မြန်မာနိုင်ငံကို ICJ ၌ တရားစွဲဆိုခြင်းဖြစ်ပြီး လူမျိုးပြုန်းတီးစေမှုကို တားဆီး ရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံ ပေါင်းစုံသဘောတူစာချုပ်ကို မြန် မာနိုင်ငံက ချိုးဖောက်သည်ဟု စွပ်စွဲထားသည်။
မြန်မာနိုင်ငံသည် အဆိုပါသဘောတူစာချုပ်ကို လက်မှတ် မထိုးမီကာလမှ လက်ရှိကာလ များအထိ စာချုပ် ပါရပ်တည်ချက် များအတိုင်း လိုက်နာဆောင်ရွက် နေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက သတင်းထုတ် ပြန်သည်။
အဆိုပါ သဘာတူညီချက် စာချုပ်ကို ကမ္ဘာ့နိုင်ငံများတွင် မြန်မာနိုင်ငံက ၄၂ နိုင်ငံမြောက် အဖြစ် လက်မှတ် ရေး ထိုးခြင်းဖြစ် ပြီး ၁၉၄၉ ဒီဇင်ဘာ ၃၀ ရက်တွင် ရေးထိုးခဲ့ကာ ၁၉၅၆ မတ် ၁၄ ရက်၌ အဖွဲ့ဝင်အဖြစ် အ တည်ပြု ပါဝင်ခဲ့သည်။
လင့်၊
No comments:
Post a Comment