" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 1, 2023

ထိုင်းတောင်ပိုင်းမှာ အထောက်အထားမဲ့ရိုဟင်ဂျာ ၂၁ ဦး ဖမ်းဆီးခံရ

VOA
အေးအေးမာ

၀၁ နိုဝင်ဘာ၊ ၂၀၂၃ 


ထိုင်းနိုင်ငံတောင်ပိုင်း Phatthalung (ဖတ်ထလုံ) ခရိုင်မှာ မလေးရှားကိုသွားမယ့် အထောက်အထားမဲ့ ရိုဟင်ဂျာ ၂၁ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိပုံ။ (ဓာတ်ပုံ- ထိုင်းရဲတပ်ဖွဲ့)

ထိုင်းနိုင်ငံတောင်ပိုင်း Phatthalung (ဖတ်ထလုံ) ခရိုင်မှာ မသင်္ကာဖွယ် ကား ၂ စီးကို ဖတ်ထလုံး ရဲ တပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးရာမှာ မလေးရှားကိုသွားမယ့် အထောက်ထားမဲ့ရိုဟင်ဂျာ ၂၁ ဦးကို ဖမ်းမိခဲ့ ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း Phatthalung ဖတ်ထလုံခရိုင်အတွင်းက အဝေးပြေးလမ်းမမှာ မောင်းနှင်နေတဲ့ ကားငယ်နှစ်စီးကို မသင်္ကာတာကြောင့် နယ်မြေခံ ရဲတပ်ဖွဲ့ကစစ်ဆေးရာမှာ အထောက်အထားမဲ့ ရိုဟင်ဂျာ ၂၁ ဦး ကိုဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။

Khok Sai မြို့နယ်ထဲမှာ လမ်းမတွေကို ပိတ်ဆို့ဖမ်းဆီးခဲ့တာကြောင့် ကားမောင်းသူတွေက ဆက် မောင်းလို့မရတော့ဘဲ လမ်းနဘေးမှာကားကို ရပ်ပေးခဲ့ရတာပါ။ အခု ရဲကဖမ်းဆီးရမိသူအားလုံးဟာ ရိုဟင်ဂျာလူငယ်လူရွယ်တွေဖြစ်ပြီး ဒီအထဲမှာ ကလေးငယ်လေးဦးပါ ပါဝင်တယ်လို့ ထိုင်းတောင်ပိုင်း အမှတ် ၄ ဒေသ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ သူတို့ကိုခေါ်လာတဲ့ ထိုင်းနိုင်ငံသားသုံးဦး ကိုလည်း ဖမ်းထားပြီး ဆက်လက်စစ်ဆေးနေတယ်လို့ ပြောပါတယ်။

အခုလို တရားမဝင်လမ်းကြောင်းကနေ လူကုန်ကူးသူတွေနဲ့ ထိုင်းနိုင်ငံထဲကို ဝင်လာသူဟာ နေ့စဉ် ဆယ်ဂဏန်းကနေ ရာဂဏန်းလောက်ထိ ရှိနေပြီး ဒီလူကုန်ကူးမူတွေအတွက် အစိုးရဝန်ထမ်းတွေပါ ပါဝင်ပတ်သက်နိုင်တယ်လို့ ထိုင်းနိုင်ငံက ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ (BURMESE ROHINGA ASSOCIATION IN THAILAND) BRAT အဖွဲ့က နိုင်အာလီက ပြောပါတယ်။

“ဖမ်းလည်းမရဘူး။ နေ့တိုင်း ဝင်နေတာ တရာကျော်ဝင်တယ်။ ၇၀ ဝင်တယ်။ ၄၀ ဝင်တယ်၊ နေ့တိုင်း ဝင်နေတာပါ။ ဒါတွေက ထိုင်း-မြန်မာအစိုးရ၊ မလေးရှားအစိုးရတွေနဲ့ဆိုင်တယ်။ ဒီဟာတွေရပ်ဖို့ မလုပ် ခိုင်းဖို့က အစိုးရတွေနဲ့ ဆိုင်တယ်။ ဒါတွေဟာ ဒီအလုပ်တွေက လူကုန်ကူးနေသူတွေချည်းပဲမဟုတ်ဘူး။ အစိုးရဝန်ထမ်းတွေလည်း ပါဝင်ပတ်သက်နေနိုင်တယ်။ မဲဆောက်ကနေ ခေါ်သွားပြီး မလေးနယ်စပ် ထိရောက်ဖို့ဆိုတာ သူတို့ချည်းပဲ လုပ်လို့ရတာမဟုတ်ဘူး။”

သူတို့တွေဟာ ရခိုင်ပြည်နယ်ကနေ ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီထိ ရောက်လာကြပြီး လူကုန်ကူးသူတွေက လမ်းတလျောက် ရိုက်နှက် ငွေညှစ်တောင်းခံခဲ့တယ်လို့ပြောပါတယ်။

“မြဝတီဘက်မှာရိုက်ခံထိတယ်။ နယ်စပ်ကိုရောက်ရင်ရိုက်တယ်။ အဖေ အမေကို ဖုန်းဆက်ပြီးနင့်သား ကို အရိုက်မခံချင်ရင် ပိုက်ဆံပေးဆိုပြီး လုပ်တယ်။ အမျိုးမျိုးပဲ။”

အခုလို အဖမ်းခံရတဲ့ ရိုဟင်ဂျာတွေဟာ ပင်လယ်လမ်းကြောင်းကနေ လာသူတွေလည်း ရှိနေပြီး ထိုင်း ထောင်တွေ၊ အချုပ်တွေမှာ အဖမ်းခံရသူက ၅၀၀ လောက်ထိ ရှိနေတယ်လို့လည် ပြောပါတယ်။ တချို့ ဆို ၅ နှစ်ကနေ ၇ နှစ်ကြာလောက်အထိ အဖမ်းခံထားရတယ်လို့လည်း ပြောပါတယ်။

“ဆုန်ခလာမှာရှိတယ်။ ရနောင်းမှာရှိသေးတယ်။ ဘန်ကောက်မှာရှိတယ်။ အိုင်ဒီစီမှာရှိတယ်။ လူ ၅၀၀ ကျော်ရှိသေးတယ်။ အဲဒီသူတို့ ၅ နှစ်တို့၊ ၇ နှစ်တို့ရှိနေပြီ။ သူတို့တွေက ရခိုင်က၊ စစ်တွေက မောင်း တော က၊ ဘူးသီးတောင်က၊ ဘင်္ဂလားဒေ့ရှ်က သင်္ဘောနဲ့လာတဲ့သူတွေ။ သူတို့က ဒီလိုလာတာမဟုတ် ဘူး။ သူတို့က ပင်လယ်ကနေ လာကြတာ။”

ရိုဟင်ဂျာဒုက္ခသည်တွေကို လူကုန်ကူးသူတွေနဲ့မလာကြဖို့တားဆီးပေမယ့်အထွေထွေအကြပ်အတည်း တွေနဲ့ စားဝတ်နေရေး အကြပ်အတည်းတွေကြောင့် လာကြတာလို့လည်း ပြောပါတယ်။

“ဒါတွေက ရခိုင်ပြည်ကနေ မလာစေချင်ဘူး။ နည်းလမ်းတွေပြောပြတယ်။ လမ်းမှာ သူတို့တွေဟာ အရိုက် ခံ အသတ်ခံရ၊ မိန်းကလေးတွေဆိုရင် မကောင်းတာလုပ်ခံရတယ်။ ယောက်ကျားတွေဆိုရင် လည်း အသတ်ခံရတယ်။ တယောက်နဲ့တယောက် ရိုက်ကြတယ်။ လူကုန်ကူးသူတွေဟာ ပိုက်ဆံမ ပေး ရင် လုပ်တာပဲ။ ကျနော်တို့က မလာကြပါနဲ့လို့ပြောတယ်။ သူတို့ကလည်းပြောတယ်။ ဒီလူတွေက ဒုက္ခ ပေးလိုက်၊ ဟိုလူတွေက ဒုက္ခပေးလိုက်နဲ့ ဒီမှာနေရင် စားဖို့မရှိဘူး။ ဒုက္ခတွေလည်းရောက်တယ်။ဘယ် မှလည်းသွားလို့မရဘူး။ သူတို့တွေ အဲဒီလိုတွေပြောတယ်။”

လူကုန်ကူသူးတွေဟာ သူတို့ကို မဲဆောက်ကနေတဆင့် ဖက်ချပူးခရိုင်၊ အဲဒီနောက် မဟာချိုင်အထိ အ ဆင့်ဆင့် သယ်ဆောင်လာခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့တွေကို မလေးရှားနိုင်ငံထိပို့ဆောင်ဖို့ လူကုန် ကူးပွဲစားတွေကို တဦးကို ထိုင်းဘတ်ငွေ တသိန်းခွဲပေးရကြောင်း ဖမ်းမိတဲ့ရိုဟင်ဂျာတွေရဲ့ ဝန်ခံပြော ကြားချက်တွေနဲ့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖေါ်ပြကြပါတယ်ရှင်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */