Thursday, January 9, 2020

ထိုင်းထောင်ဖောက်ပြေးတဲ့ ရိုဟင်ဂျာတွေရှာဖွေဖို့ မလေး ရှား ကို အကူအညီတောင်း

VOA
 ဗွီအိုအေ (မြန်မာဌာန)
09 ဇန္နဝါရီ၊ 2020
ဗွီအိုအေ (မြန်မာပိုင်း)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထောင်တခု

ထိုင်းတောင်ပိုင်းက လူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာမူဆလင် တ ဖွဲ့ကို ကူညီရှာဖွေပေးဖို့ ထိုင်းနိုင်ငံက မလေးရှားနိုင်ငံကို အကူအညီတောင်းလိုက်ပါတယ်။ ထိုင်းတောင်ပိုင်း Songkhla ခရိုင်မှာရှိတဲ့ အချုပ်ခန်းရဲ့ ၃ ထပ်ပြူတင်းပေါက်ကနေ အဝတ်တွေကို ကြိုးလုပ်ပြီး ဗုဒ္ဓဟူးနေ့မနက် ပိုင်းက ရိုဟင်ဂျာ ၁၉ ယောက်ထွက်ပြေးခဲ့ကြတာဖြစ်တယ်လို့ ထိုင်းရဲကပြောပါတယ်။

အဲဒီသူတွေဟာ မလေးရှားကို လူမှောင်ခိုကူးခံရစဉ် ထိုင်းမှာ ဖမ်းမိလို့ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ အ ယောက်  ၄၀ ထဲကဖြစ်ကြပါတယ်။ သူတို့ကို မြန်မာနိုင်ငံကို ပြန်ပို့နိုင်ဖို့ ဆောင်ရွက်နေစဉ် ခုလို အချုပ်ခန်း ဖောက်ထွက်ပြေးသွားတာဖြစ်ပြီး ထွက်ပြေးသူ ၂ ယောက်ကိုတော့ ဗုဒ္ဓဟူးနေ့ ညပိုင်းမှာ ပြန်ဖမ်းမိတယ်လို့ ရဲကပြောပါတယ်။

ထိုင်းနဲ့ မလေးရှားနယ်စပ်ဘက်ကို ထွက်ပြေးသွားကြတဲ့ ၁၇ ယောက်ကို မလေးရှားအာဏာပိုင်တွေနဲ့ ပူး ပေါင်းရှာ ဖွေနေတယ်လို့ ထိုင်းနိုင်ငံတောင်ပိုင်း လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေက Reuters သတင်း ဌာနကို ပြောပါတယ်။ မြန်မာ၊ Cambodia နဲ့ Laos နိုင်ငံတွေက အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးငယ်တွေ ဟာ ထိုင်းနိုင်ငံကို လူကုန်ကူးခံရသလို တခြားနိုင်ငံတွေကို တရားမဝင်သွားဖို့ ထိုင်းနိုင်ငံကို တထောက် နား တဲ့ နေရာအဖြစ် အသုံးပြုကြပါတယ်။

လူကုန်ကူးခံရသူတွေကို အသေအချာ အကာအကွယ်မပေးဘူးလို့ အမေရိကန်နဲ့ လူ့အခွင့်အရေး အဖွဲ့ တွေ က ထိုင်းအာဏာပိုင်တွေကို ဝေဖန်နေကြပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဘက်ကနေ ရိုဟင်ဂျာ တွေဟာ ရေကြောင်းလမ်းကနေ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီရှားနိုင်ငံတွေကို သွားဖို့ကြိုးစားကြတာဖြစ်ပါ တယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ရိုဟင်ဂျာသိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်သွားခဲ့ကြပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာ အစိုးရကတော့ မြန်မာနိုင်ငံကို ပြန်လာမယ့် ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ အဆင်သင့်ပဲလို့ ပြောကြားထား ပါတယ်။

 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */