" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, February 24, 2023

ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့နှင့် အာဆာအဖွဲ့ တိုက်ပွဲဖြစ် ရိုဟင်ဂျာ ကျောင်းသား ၂ ဦးဒဏ်ရာရ

DVB
23 February, 2023


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ရှိ အမှတ် ၈ ကူတူပါလောင်ဒုက္ခသည်စခန်းမှာ ဖေဖော်ဝါရီ ၂၂ ရက် နေ့ လယ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထူးရဲတပ်ဖွဲ့ (RAB) နဲ့ အာဆာတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး ရိုဟင်ဂျာကျောင်းသား တယောက်နဲ့ ကျောင်းသူတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူတူပါလောင်ဒုက္ခသည်စခန်း တာဝန်ရှိသူက ပြောပါ တယ်။

“မနေ့က ၁၂ နာရီလောက်မှာ ဖြစ်ကြတာ။ Zero Line က အာဆာတပ်ဖွဲ့တွေ ကူတူပါလောင်စခန်းမှာ ပုန်းအောင်း နေတာကို (RAB) တပ်ဖွဲ့က ဝင်စီးတာကို အာဆာအဖွဲ့က ပြန်ပစ်တယ်။ အပြန်အလှန်ပစ်ခတ်မှု နာရီဝက်လောက် ဖြစ်ကြတယ်။ အဲဒီပစ်ခတ်မှုထဲမှာ ကျောင်းနေအရွယ် ကလေးနှစ်ဦး ကျည်ထိမှန်ပြီးတော့ ဒဏ်ရာရရှိသွားတယ်။”

အမှတ် ၈ ကူတူပါလောင်ဒုက္ခသည်စခန်းမှာ Zero Line ကနေ ထွက်ပြေးလာကြတဲ့ အာဆာတပ်ဖွဲ့တွေ ခိုလှုံနေတဲ့ သတင်းရလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Rapid Action Battalion (RAB) ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေဖမ်းဆီး ရာ မှာ မိနစ် ၃၀ လောက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့​တာ ဖြစ်ပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */