Sunday, April 21, 2019

စစ်တွေအကျဉ်းထောင်တွင်း ဆူပူမှုဖြစ်ပွား

VOA
ဗွီအိုအေ (မြန်မာဌာန)
21 ဧပြီ၊ 2019
ကိုဉာဏ်ဝင်းအောင်
စစ်တွေ အကျဉ်းထောင်
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ အကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့တဲ့ကိစ္စ မကျေနပ်ရာက ဧပြီ (၂၀)ရက် စနေနေ့ ညဦးပိုင်းမှာ ထောင်တွင်းဆူပူမှု ဖြစ်ပွားခဲ့ပြီး ထောင်အာဏာပိုင်တွေက အခြေအနေ ကို ထိန်းသိမ်းနိုင်ခဲ့ပုံရတယ်လို့ အကျဉ်းထောင်ရှေ့ သွားရောက် လေ့လာခဲ့သူတဦးက VOA ကိုပြောပါ တယ်။ အခုတော့ စစ်တွေထောင်တွင်း ထောင်ပြင်မှာ လုံခြုံရေးတင်းကြပ်ထားပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က အခြေအနေတွေကို ပြောပြမှာပါ။

စစ်တွေအကျဉ်းထောင်ထဲမှာ စနေ့ည ၈ နာရီကျော်လောက်ကစပြီး ဆူပူမှု ဖြစ်ပွားခဲ့တာပါ။ သမ္မတရဲ့ လွတ် ငြိမ်း ချမ်းသာခွင့်အရ လွှတ်ပေးတဲ့ အကျဉ်းသား အရေအတွက်နည်းတာ၊ ရခိုင်တိုင်းရင်းသားတချို့ကို အ ခြားဒေသက အကျဉ်းထောင်တွေဆီ ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့တာကို မကြေနပ်ရာကစပြီး ထောင်တွင်းဆူပူမှု ဖြစ်ပွားရတာလို့ ဆူပူမှုဖြစ်နေချိန် စစ်တွေထောင်ရှေ့ သွားရောက်လေ့လာခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဝင် ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်တဦးဖြစ်သူ စစ်တွေမြို့ခံ ဦးမောင်ထွန်းလှိုင်က ပြောပါတယ်။

“ဖြစ်တာက ၈ နာရီခွဲလောက်က ဖြစ်တယ်တို့ ၈နာရီကျော်လောက်က ဖြစ်တယ်တို့ သူတို့ကပြောတာပေါ့။ ကျနော်က ည ၁၀နာရီလောက်မှာ ရောက်သွားတယ်။ ကျနော်သွားတော့ ပစ်တာခတ်တာ ဘာမှ မကြားရ ဘူး။ ထောင်ထဲက အော်သံတွေတော့ ကြားရတယ်။ ဝေး .. ဝေး .. အဲလို အော်ကြတာပေါ့။ ကျနော်တို့ ရင်းနှီးတဲ့သူတွေဆီက သိရတာကတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးတာမှာ ဒီထောင်က သိပ်မပါ ဘူးလေ။ နောက်ပြီး ထောင်ရွှေ့ခံရတဲ့ လူတွေက သူတို့ဦးဆောင်ပြီး ဖြစ်တာလို့ သိရတယ်လေ။ ကျနော်တို့ မရောက်ခင်အခြေအနေ လူတွေပြောတာကတော့ နည်းနည်း မိုးပေါ်ကိုထောင်ပြီးတော့ သေနတ်နဲ့ ပစ်
ဖေါက် ပြီးတော့မှ နည်းနည်း ငြိမ်သွားအောင် ထိန်းသိမ်းတာပေါ့နော်။ ကျနော် အဲဒီနားကိုရောက်ပြီး သတင်းစောင့်ကြည့်တဲ့ အချိန်ကျတော့ကာ ဘာမှပစ်ခတ်သံလည်း မကြားတော့ဘူး။ အော်နေတာပဲ ကြားရတော့တာ။”

သမ္မတဦးဝင်မြင့်ရဲ့ မြန်မာနှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်အရ တနိုင်ငံလုံးမှာပြန်လွှတ်ပေး တဲ့ အကျဉ်းသားဦးရေ တသောင်း လောက် ရှိပြီး အဲဒီထဲမှာ စစ်တွေထောင်ကနေ လွှတ်ပေးတဲ့ အကျဉ်းသား ၁၁၆ ဦးရှိပါတယ်။ အမျိုးသား ၁၀၉ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ နိုင်ငံခြားသား တဦးတို့ ပါဝင်ပါတယ်။

ဒီအတောတွင်း ရခိုင်ပြည်နယ်မှာ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရတပ်တွေကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကြောင့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွေမှာ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဧပြီ ၁ ရက်နေ့က ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ကနေ လက်မှတ်ထိုး အမိန့် ထုတ်ပြန်ထားတာပါ။

အခုလို စစ်တွေထောင်ဆူပူမှုကြောင့် စစ်တွေမြို့ကိုပါ ညမထွက်ရအမိန့် ထုတ်ပြန်လာမှာကို မြို့ခံတွေစိုး ရိမ်နေကြတယ်လို့ စစ်တွေမြို့ခံ ဦးမောင်ထွန်းလှိုင်က ပြောပါတယ်။

“ကျနော်တို့ အခုလိုကာလမှာပေါ့နော့ ဟိုဘက်မှာလည်း တိုက်ပွဲတွေက ဖြစ်နေကြတယ်။ မြို့ပေါ်မှာလည်း လူတွေက ကျီးလန့်စာစား နေရတယ်။ အဲဒီကြားထဲမှာ အခုလို ဒီလိုတခု ဖြစ်လာပြီဆိုရင် စစ်တွေမြို့ က လူတွေက စိုးရိမ်မှုဖြစ်တာပေါ့နော်။ နောက်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမှာက ကာဖြူး (ညမထွက်ရအမိန့်) မထုတ်တာက ကျနော်တို့ စစ်တွေရယ်၊ နောက်ပြီး ပေါက်တောရယ် အဲဒါတွေ ကျန်နေတယ်။ အဲဒီဟာလည်း ဒီလို ညမထွက်ရအမိန့် ထုတ်လိုက်မယ်ဆိုရင် အဲဒီဟာမျိုး ဖြစ်လာမှာကို ကျနော်တို့လူတွေက စိုးရိမ်နေကြ တယ်လေ။”

ရခိုင်ပြည်နယ်အရေးဖြေရှင်းရာမှာ NLD အစိုးရရဲ့ကိုင်တွယ်မှု လိုအပ်ချက်တွေကြောင့် ဒေသခံရခိုင်တိုင်းရင်း သားတွေကြား မကျေနပ်မှုတွေ ပိုတိုးလာနေတယ်ဆိုတဲ့ ဝေဖန်သုံးသပ်မှုတွေကလည်း ထွက်ပေါ်နေတာပါ။ စစ်တွေထောင်ဆူပူမှုဟာ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ မကြေနပ် မှုတွေကို ထပ်ဟပ်စေတယ်လို့ သုံးသပ်သူက အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုင်းထွေးမောင် ဖြစ်ပါတယ်။

“အခုလက်ရှိ ကျနော်တို့ NLD အစိုးရက ဒီရခိုင်အရေး ရခိုင်ပြဿနာမှာ ကိုင်တွယ်မှုက မှားနေတယ်လို့ ကျနော်မြင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တပ်မတော်ကနေပြီး ကြေညာလိုက်တယ်။ AA ရခိုင်တပ်မတော်ကို အ ပြုတ် တိုက်ပစ်မယ်လို့ ပြောတာ ဒေါ်အောင်ဆန်းစုကြည် အတိုင်ပင်ခံ ကိုယ်တိုင်က သဘော တူတယ် အမိန့်ပေးတယ် .. ဆိုတဲ့သဘောမျိုးနဲ့ တိုက်တယ်ဆိုတော့ အဲဒါကိုက မှားနေပြီ။ တကယ်ဆိုရင် ရခိုင်အရေး ရခိုင်ပြဿနာဟာ အေးချမ်းစွာဖြေရှင်းဖို့ သင့်တယ်။ ဆိုတော့ အခုက ရခိုင်အရေးဆိုတဲ့ အခါမှာ အခုကလူမျိုးရေးလို ဖြစ်လာတဲ့ အခါကျတော့ ဒီစစ်တွေထောင်ထဲမှာ အခုရောက်နေတဲ့ လူတွေက လူမျိုးရေးစိတ်ဓါတ်နဲ့ လူမျိုးရေးပေါက်ကွဲမှု ဖြစ်နိုင်တယ်လို့ ကျနော်မြင်တယ်။”

စစ်တွေထောင်ဆူပူမှုအတွင်း အခြေအနေတွေ ထိန်းသိမ်းခဲ့ရာမှာ အကျဉ်းသားတွေ ထိခိုက်ဒဏ်ရာရတာ ရှိ/မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ စစ်တွေမြို့ကလာတဲ့ သတင်းဓါတ်ပုံတွေအရ စစ်တွေထောင် အပြင်ဘက်မှာ ရဲတပ်ဖွဲ့အင်အား ၂၀၀ လောက်တိုးချထားပြီး ထောင်တွင်းမှာလည်း လုံခြုံရေးတင်း ကြပ်ထားကြောင်း သိရပါတယ်။ ၂၀၁၈ အောက်တိုဘာလ တုန်းကလည်း စစ်တွေထောင်တွင်း ဆူပူမှု ဖြစ်ပွားခဲ့ပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */