By ဒီဗွီဘီ
21 April 2019
ရခိုင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ စစ်တွေအကျဉ်းထောင်အတွင်းမှာ ဧပြီ ၂၀ ရက်နေ့ည ၉ နာရီကျော် လောက်က ဆူပူမှုဖြစ်တာကြောင့် ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်ထိန်းသိမ်းခဲ့ရတယ်လို့ ပြည်နယ်အဆင့် တာဝန်ရှိသူတွေကပြောပါတယ်။
ရခိုင်ပြည်နယ်ရဲမှူးကြီး ကြည်လင်းက “ထောင်လေးနည်းနည်းဆူလို့ ထိန်းလိုက်တာပါဗျ။ လောလောဆယ် တော့ အတည်မပြု သေးပါဘူးခင်ဗျ။ သက်ဆိုင်တဲ့ ဌာနကနေပြီးတော့ အတည်ပြုပါလိမ့်မယ်။ ကျနော်တို့ က တော့ ထိန်းပေးတဲ့အဆင့်ပါပဲ။ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြစ်တယ်။ ဘာမှ အနာတရ အတည်အခိုက် မရှိဘူး”လိ့ု ပြောပါတယ်။
ဘယ်ကနေစကာ ဘယ်လိုဖြစ်လာတယ်ဆိုတာကို မေးမြန်းရာမှာ သက်ဆိုင်ရာဌာကပဲ အတည်ပြုလိမ့်မယ် လို့သာ ပြောဆိုသလို ရဲအင်အားဘယ်လောက်အသုံးပြုပြီး ဖြိုခွင်းခဲ့ရလဲဆိုတာကိုလည်း မေးမြန်းပေမယ့် ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
မနေ့က အဲဒီချိန်မှာ ထောင်ထဲက သေနတ်ပစ်သံတွေ ကြားခဲ့ရသလို ဆန္ဒပြသံလို အော်သံတွေလည်း ၂ ခါ ကြားခဲ့ရကြောင်း အခင်းဖြစ်တဲ့ အချိန်က စစ်တွေအကျဉ်းထောင်ကို သွားရောက်ခဲ့တဲ့ ဒေသခံတဦး ကပြော ပြပါတယ်။
“ရုန်းရင်းဆန်ခတ်ကတော့ တအားဖြစ်တယ်။ တအားအော်ကြတယ်။ ထောင်ထဲကလေ။ ဆန္ဒပြကြတယ်။ ကျနော် ၂ ခါတောင် ကြားလိုက်ရတယ်။ ဝိုးဝိုးနဲ့ ကြားရတယ် အပြင်ကဆိုတော့လေ။”
အဲဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အတည်ပြုစေလိုတာကြောင့် ရခိုင်ပြည်နယ် အကျဉ်းဦးစီးဌာကကို ဒီဗွီဘကဆက် သွယ် မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးရဲ့ ဖုန်းပိတ်ထားတာကြောင့် ရုံး ဖုန်းကို ဆက်သွယ်ရာမှာ တာဝန်ကျဝန်ထမ်းတဦးက သူတို့ဆီက အဆက်သွယ်မတောင်းဖို့နဲ့ တခြား နည်း လမ်းနဲ့ ဆက်သွယ်ဖို့သာ ပြောပါတယ်။
မနေ့ညက ဖြစ်သွားတဲ့ ဖြစ်စဉ်ဟာ ထောင်သားတွေကို ပေါ်တာဆွဲရာကနေ စတင်ခဲ့တာလို့ ကောလာဟလ တွေ ထွက်ပေါ်နေသလို သမ္မတရဲ့ လွတ်ငြိမ်းခွင့်ကို မကျေနပ်တာကြောင့်လို့လည်း ဝေဖန်ပြောဆိုမှုတွေ ရှိ နေပါတယ်။ ဒါကြောင့် အဲဒီကိစ္စကို သိရဖို့ ကြိုးပမ်းနေပေမယ့် လက်ရှိအချိန်ထိတော့ အတည်ပြုချက် ရသေး ပါဘူး။

Link : Here
No comments:
Post a Comment