Saturday, October 5, 2019

ဘင်္ဂလားဒေ့ရှ်ပေးပို့သည့် နေရပ်စွန့်ခွာသူ ၂၂၄၃၂ ဦးအနက် ၂၀၄၁၀ ဦး စိစစ်ခဲ့ပြီးဖြစ်

မြန်မာတိုင်းမ်နေ့စဉ်
ထက်စိုးလင်း
05 Oct 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ၎င်းတို့လက်ခံထားသည့် နေရပ်စွန့်ခွာသူ ၂၂၄၃၂ ဦးစာရင်းအား မြန်မာကိုယ်စား လှယ်အဖွဲ့ထံပေးအပ်ထားရာ ယင်းအထဲမှ ၂၀၄၁၀ ဦးအား စိစစ်မှုပြီးစီးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က အောက်တို ဘာ ၄ ရက်က သတင်းထုတ်ပြန်သည်။

လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလက ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ပြုလုပ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရောက် မြန်မာနိုင်ငံတွင်နေထိုင်ခဲ့သူများ ပြန်လည်ခေါ်ယူ ရေးဆိုင်ရာ မြန်မာ--ဘင်္ဂလားဒေ့ရှ် တတိယ အကြိမ်မြောက် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေး၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်က မြန်မာနိုင်ငံမှနေရပ်စွန့်ခွာ သူ ၂၂၄၃၂ ဦးစာရင်းကိုမြန်မာကိုယ်စားလှယ်အဖွဲ့အား ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ယခုနှစ် စက်တင်ဘာ ၂၆ ရက်အထိ နေရပ်စွန့်ခွာသူ ၂၂၄၃၂ ဦးအနက်၂၀၄၁၀ ဦးအား စိစစ်မှုဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

ပြန်လည်ပေးပို့ပြီးဖြစ်


ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ဝင်ရောက်လာသူများအား နေရာထားရာတွင် မြန်ဆန်ချောမွေ့ စေရန်လုပ်ငန်း လို အပ် ချက်အရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက စိစစ်ပြီးသူများအား ကျေးရွာအလိုက်ပြန်လည်စာရင်းပြုစုပြီး အသုတ်လိုက်ပေးပို့ လျက်ရှိရာ သတ္တမသုတ်အထိ ကျေးရွာအ လိုက် စိစစ်ပြီးသူ ၃၄၅၀ စာရင်းအား ဘင်္ဂလားဒေ့ရှ် ဘက်သို့ ဇူလိုင် ၁၁ ရက်တွင် ပြန်လည်ပေးပို့ပြီး ဖြစ် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ်လကုန်ပိုင်းကဖြစ် ပွားခဲ့သော ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် AA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရခိုင်တိုင်းရင်းသားများ အပါအဝင် ဟိန္ဒူဘာသာဝင်များ၊ အစ္စလာမ်ဘာသာဝင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */